Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:25 - Garrad Bible

25 ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို စောင့် မျှော် သူ၊ ရှာ ဖွေ သူ တို့၌၊ ကောင်း ကျိုး ပေး တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:25
34 ပူးပေါင်းရင်းမြစ်များ  

အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို ကျွန် တော် စောင့် မျှော် လျက် နေ ပါ ပြီ။


သား တော် ရှော လ မုန်၊ ခ မည်း တော်၏ ဘု ရား သ ခင် ကို သိ ကျွမ်း၍ ကြည် ညို သော စိတ် နှ လုံး နှင့် စုံ လင် စွာ ဝတ် ပြု လော့။ ထာ ဝ ရ ဘုရား သည် ခပ် သိမ်း သော စိတ် နှ လုံး စီ စစ် လျက် အ ကြံ အ စည် ဟူ သ မျှ ကို သိ မြင် တော် မူ၏။ ကိုယ် တော် ကို ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ ခွာ လျှင် မူ ကား အ စဉ် စွန့် ပစ် တော် မူ လိမ့် မည်။


အာ ဇ ရိ သည် အာ သ မင်း ကို ခ ရီး ဦး ကြို ဆို လျက် ဆင့် ဆို သည် မှာ၊ အို အာ သ မင်း မှ စ၍၊ ယု ဒ၊ ဗင်္ယာ မိန် လူ မျိုး အ ပေါင်း တို့၊ နား ထောင် ကြ လော့။ သင် တို့ သည် ထာ ဝ ရ ဘု ရား ဘက် တော်၌ နေ သ မျှ ကာ လ ပတ် လုံး၊ သင် တို့ နှင့် အ တူ ရှိ တော် မူ လိမ့် မည်။ သင် တို့ ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ စွန့် ခွာ လျှင် မူ ကား၊ စွန့် ခွာ တော် မူ လိမ့် မည်။


သို့ ရာ တွင်၊ တစ် ပြည် လုံး၌ တံ ခွန် တိုင် များ ကို ပယ် ရှား ၍၊ ဘု ရား သ ခင် ကို ရှာ ဖွေ ရန် စိတ် စွဲ လမ်း သည် မှာ၊ ဘုရင် မင်း ၌ ကောင်း သော အ ကျင့် ရှိ သေး သည် ဟု လျှောက် ဆို ၏။


ကိုယ့် ဘု ရား သ ခင် ကို ရှာ ဖွေ မည့် အ ကြံ နှင့်၊ ပ ညတ် တ ရား နှင့် မိန့် မှာ တော် မူ သ မျှ အ တိုင်း ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ရာ၊ စိတ် ပါ ကိုယ် ရောက် ပြု သည့် အ တွက်၊ ကြံ တိုင်း ထ မြောက် လေ ၏။


အ ဘယ့် ကြောင့် ရှာ ရ မည် ဆို သော်၊ ငါ တို့ ဘု ရား သ ခင့် လက် တော် သည်၊ ကိုယ် တော် ကို ရှာ ဖွေ သူ တို့ အ ပေါ် တွင်၊ ကာ ကွယ် ရန် တည် ရှိ တော် မူ ပါ၏။ စွန့် ခွာ သူ တို့ အ ပေါ် တွင် မူ ကား၊ အ မျက် တော်၊ တန် ခိုး တော် သင့် ရောက် ပါ သည် ဟု၊ ဘု ရင် မင်း ထံ ငါ တို့ တင် လျှောက် ခဲ့ သည့် အ တွက်၊ လမ်း ခ ရီး၌ ရန် သူ တို့ ကို တိုက် လှန် စေ ခြင်း ငှာ၊ စစ် သူ ရဲ၊ မြင်း စီး သူ ရဲ တို့ ကို တောင်း ရန် ငါ ရှက် လှ ၏။


သန့် ရှင်း သော နာ မ တော် ၌ ဂုဏ် ယူ လျက်၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။


သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။


စိတ် နှိမ့် ချ သူ တို့ သည် ဝ ပြော စွာ စား ရ ခွင့်၊ ထာ ဝ ရ ဘု ရား ကို လိုက် ရှာ သူ တို့ သည် ချီး မွမ်း ခွင့် ခံ ရ လျက်၊ သင် တို့ စိတ် နှ လုံး ကို အ စဉ် အ မြဲ အား တက် ပါ စေ သော ဟူ သော မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။


ထာ ဝ ရ ဘု ရား သည်၊ ကောင်း မွန် ဖြောင့် မတ် တော် မူ သော ကြောင့်၊ အ ပြစ် သား တို့ ကို နည်း လမ်း တော် ၌ သွန် သင် တော် မူ လိမ့် မည်။


ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။


ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။


ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ၍၊ နည်း လမ်း တော် ကို စောင့် ရှောက် လော့။ နေ ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ၊ သင့် ကို ချီး မြှောက် တော် မူ လိမ့် မည်။ လူ ဆိုး တို့ ပယ် ရှား ရာ ခံ ရ သည် ကို သင် သိ မြင် ရ လ တ္တံ့။


ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။


သို့ ဖြစ်၍ အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် မည် သည့် အ ရာ ကို စောင့် စား နေ ရ ပါ သ နည်း။ ကိုယ် တော်၌ သာ လျှင် မျှော် လင့် ခြင်း ရှိ ပါ၏။


အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။


အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ၏ သ စ္စာ က တိ များ ကို နာ ခံ လျက်၊ နာ မ တော် ကို ခန့် ညား သူ တို့ ပိုင် ထိုက် ရာ ကို၊ အ ကျွန်ုပ် အား သနား တော် မူ ပါ ပြီ။


စိတ် နှိမ့် ချ သူ တို့ သည်၊ သိ မြင်၍ ရွှင် လန်း ရ ကြ၏။ ဘု ရား သ ခင် ကို လိုက် ရှာ သူ တို့၊ စိတ် အား တက် ကြ လော့။


အ ကျွန်ုပ် မူ ကား၊ အ စဉ် မ ပြတ် စောင့် မျှော် လျက်၊ ဂုဏ် တော် ကို ထပ် မံ ချီး မွမ်း ပါ မည်။


ထို ကာ လ ဆို ရ မည် မှာ၊ ငါ တို့ ကို ကယ် တင် အံ့ ဟု စောင့် မြော် ကြ သော ငါ တို့ ဘု ရား ပေ တည်း။ ငါ တို့ စောင့် စား ကြ သော ထာ ဝ ရ ဘု ရား ပေ တည်း။ ကယ် တင် တော် မူ သော ကျေး ဇူး တော် ကြောင့်၊ ငါ တို့ ဝမ်း မြောက် ရွှင် လန်း ကြ ကုန် အံ့ ဟူ ၍ တည်း။


ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။


သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။


ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။


ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။


ကိုယ် တော် ကို စောင့် စား သူ တို့ အား၊ ကိုယ် တော် မှ တစ် ပါး၊ ကျေး ဇူး ပြု တော် မူ သော ဘု ရား ကို၊ ရှေး ကာ လ က ပင် မည် သူ မျှ မ ကြား မ သိ ဘူး ပါ။ နား ဖြင့် မ ကြား၊ မျက် စိ ဖြင့် လည်း မ မြင် ဘူး ပါ။


ထာ ဝ ရ ဘု ရား၏ ကယ် တင် ခြင်း ကျေး ဇူး တော် ကို ဆိတ် ဆိတ် တောင့် တ သော သူ သည်၊ ကောင်း ကျိုး ခံ စား ရ၏။


မြေ ရိုင်း ကို ထွင်၍ ဖြောင့် မတ် ခြင်း ကို ကြဲ လျက်၊ က ရု ဏာ တော် အ လိုက် ရိတ် သိမ်း ကြ လော့။ ဖြောင့် မတ် ခြင်း မိုး ကို၊ ကြွ လာ၍ ရွာ စေ တော် မ မူ မ ချင်း၊ ငါ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန် အ ချိန် တန် လှ ပြီ။


သို့ ဖြစ်၍ မြေ တစ် ပြင် လုံး သည်၊ ရှု စိတ် တော် မ မူ ခြင်း အ ရှိန် ကြောင့် ကျွမ်း လောင် ခံ ရ မည့် အ လျောက်၊ လူ မျိုး များ၊ တိုင်း နိုင် ငံ များ အ ပေါ် တွင်၊ အ မျက် ဒဏ် နှင့် ဒေါ သ အ ဟုန် ကို သွန်း လောင်း ရ အံ့ သော ငှာ၊ ထို သူ တို့ ကို ငါ ခေါ် ငင် စု ရုံး မည် ဟု ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ ရာ၊ အ လိုက် အ ဖမ်း မ ထွက် မ ချင်း ဆိုင်း လင့် ကြ ဦး။


သို့ ဖြစ်၍ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား ကြွ လာ တော် မူ သည့် တိုင် အောင် စိတ် ရှည် စွာ နေ ကြ လော့။ လယ် ယာ လုပ် သူ သည် မိုး ဦး မိုး နှောင်း တိုင် အောင် စိတ် ရှည် လျက် အ ဖိုး ထိုက် သော မြေ ကွက် ကို စောင့် မျှော် သည် နည်း တူ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ