မြည်တမ်းစကား 1:3 - Garrad Bible3 ယု ဒ လူ မျိုး သည်၊ ညှဉ်း ပန်း ခြင်း၊ အ ကြပ် အ တည်း ကျွန် စေ စား ခြင်း များ ကြောင့် ထွက် သွား၍၊ လူ မျိုး ခြား တို့ တွင်၊ မ ချမ်း မ သာ နေ ထိုင် ရ၏။ လိုက် လံ သူ တို့ သည် ကျဉ်း မြောင်း ရာ၌ မီ ခဲ့ ကြ လေ စွ။ အခန်းကိုကြည့်ပါ။Common Language Bible3 ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။ သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။ အခန်းကိုကြည့်ပါ။Judson Bible3 ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကိုခံရသောကြောင့် ပြောင်းသွားပြီ။ သာသနာပလူတို့ အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မီကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ငါ မျက် မှောက် ပြု ရာ၊ ချင်း တို့ အ လေ့ အ လာ များ သည်၊ မျက် နှာ တော် မှ မ ပုန်း၊ ဒု စ ရိုက် လည်း၊ စ က္ခု တော် မှ မ ကွယ် သည့် အ လျောက်၊ ငါ သည် ချင်း တို့ ကို မျှား ရန် တံ ငါ အ မြောက် အ မြား စေ လွှတ် ပြီး နောက်၊ တောင်၊ ကုန်း၊ ကျောက် ကြား ဟူ သ မျှ မှ၊ ချောက် ထုတ် ရန် မု ဆိုး အ များ ကို လည်း စေ လွှတ် သည့် ပြင်၊