မြည်တမ်းစကား 1:3 - Common Language Bible
3 ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။ သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 ယု ဒ လူ မျိုး သည်၊ ညှဉ်း ပန်း ခြင်း၊ အ ကြပ် အ တည်း ကျွန် စေ စား ခြင်း များ ကြောင့် ထွက် သွား၍၊ လူ မျိုး ခြား တို့ တွင်၊ မ ချမ်း မ သာ နေ ထိုင် ရ၏။ လိုက် လံ သူ တို့ သည် ကျဉ်း မြောင်း ရာ၌ မီ ခဲ့ ကြ လေ စွ။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကိုခံရသောကြောင့် ပြောင်းသွားပြီ။ သာသနာပလူတို့ အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မီကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
3 ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ