Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 2:8 - Garrad Bible

8 ရွှေ ငွေ မှ စ သော၊ မင်း မြောက် တန် ဆာ နှင့် ပြည် နိုင် ငံ အ ခွန် အ တုတ် အ များ ကို စု သိမ်း၍၊ အ ငြိမ့် တော် ယောက်ျား မိန်း မ တို့ ကို လည်း‌ ကောင်း၊ လူ့ သား တို့ ပျော် မွေ့ ရာ အ သိမ်း အ ပြောင် တို့ ကို လည်း‌ ကောင်း၊ ငါ ပိုင် ဖြစ် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့်​ဆိုင်​သော ဘ​ဏ္ဍာ၊ ကျေး​ရွာ​တို့၌​ခွဲ​သော အ​ခွန်​ကို​လည်း​ကောင်း ငါ​ဆည်း​ပူး၏။ အ​ငြိမ့်​သ​မား ယောက်ျား​မိန်း​မ​တို့​ကို​လည်း​ကောင်း၊ လူ​သား​တို့ ပျော်​မွေ့​တတ်​သော ကြင်​ရာ မိန်း​မ​မောင်း​မ​မိဿံ​တို့​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ရွှေ​နှင့်​ငွေ​တို့​ကို​လည်းကောင်း​၊ ရှင်ဘုရင်​များ​နှင့်​တိုင်းပြည်​တို့​၏​ဘဏ္ဍာ​ကို​လည်းကောင်း ငါ​စုဆောင်း​၏​။ အမျိုးသား​သီချင်းသည်​နှင့် အမျိုးသမီး​သီချင်းသည်​တို့​ကို​လည်းကောင်း​၊ လူ​သား​တို့​ပျော်မွေ့​ရာ​ဖြစ်​သော​မောင်းမမိဿံ​များ​ကို​လည်းကောင်း ငါ​ခေါ်ယူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 2:8
21 ပူးပေါင်းရင်းမြစ်များ  

ယ နေ့ ပင် အ သက် ရှစ် ဆယ် ပြည့် လျက် ကျွန် တော် မျိုး သည် အ ဆိုး အ ကောင်း ကို ပိုင်း ခြား ၍ အ စား အ သောက် အ ရ သာ ကို ခံ စား လျက် အ ငြိမ့် သည် အ ငြိမ့် သား တို့ သီ ဆို သံ ကို အာ ရုံ ပြု နိုင် ပါ မည် လော။ ကျွန် တော် မျိုး အ တွက် အ ရှင် မင်း မြတ် အ ပေါ် တွင် အ ဘယ် ကြောင့် ဝန် ပို ဖြစ် စေ ရ ပါ မည် နည်း။


ရွှေ ချိန် ခွက် သုံး ထောင့် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး၊ အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေ ဘ ဘု ရင် မ ဆက် သွင်း သော နံ့ သာ မျိုး နှင့် အ မျှ၊ နောက် တစ် ဖန် မ ရောက် ချေ။


ကူး သန်း ရောင်း ဝယ် သော ကုန် သည် တို့ ထံ မှ အ မြတ် တော် ကြေး နှင့် အာ ရပ် စော် ဘွား တို့၊ ဝန် မင်း ရှိ သ မျှ တို့ ထံ မှ အ ခွန် တော် များ ပြင် ရှော လ မုန် မင်း ထံ နှစ် စဉ် ဆက် သွင်း ရ သော ရွှေ ချိန် ကား ခွက် နှစ် သောင်း ခန့် တည်း။


ရှော လ မုန် မင်း သောက် တော် ဖ လား များ သည် ရွှေ ဖြင့် ပြီး ၏။ လေ ဗ နုန် တော ခေါ် နန်း တော် ရှိ အ သုံး အ ဆောင် ဟူ သ မျှ လည်း ရွှေ စင် ဖြင့် ပြီး ၏။ ရှော လ မုန် မင်း လက် ထက် ငွေ ကို အ ရေး မ ယူ သည့် အ တိုင်း၊ ငွေ အ သုံး အ ဆောင် တစ် ခု မျှ မ ထား။


မိ ဖု ရား ခု နစ် ရာ၊ မောင်း မ ကိုယ် လုပ် သုံး ရာ ရှိ၍ သူ တို့ သည် စိတ် တော် ကို ငဲ့ စေ ကြ ၏။


ရော ဗောင် မင်း သည် ရွှေ ဒိုင်း လွှား များ အ စား ကြေး ဒိုင်း လွှား များ ကို လုပ် ပြီး လျှင် နန်း တော် တံ ခါး ဗိုလ် ဖြစ် သော ရှေ့ တော် ပြေး မှူး တို့ ထံ အပ် ထား လျက်


ဟိ ရံ မင်း လည်း ရှော လ မုန် မင်း အား ရွှေ ချိန် ခွက် သုံး ထောင့် ခြောက် ရာ ကို ပေး လေ ၏။


သြ ဖိ ရ ပြည် သို့ လွှင့် သွား လျက် ရွှေ ချိန် ခွက် တစ် သောင်း နှစ် ထောင့် ခြောက် ရာ ကို ဆောင် ယူ ခဲ့ ပြီး လျှင် ရှော လ မုန် မင်း ထံ ဆက် သ ကြ လေ ၏။


ထို မှ တစ် ပါး၊ စောင်း၊ တ ယော၊ ခွက် ကွင်း များ နှင့် ဟော ပြော လျက် ထော မ နာ မှု ကို ဆောင် ရွက် ကြ စေ ရန် အာ သပ်၊ ဟေ မန်၊ ယေ ဒု သုန့် ဂိုဏ်း သား တို့ ကို ဒါ ဝိဒ် မင်း မှ စ၍ မှူး မတ် တို့ ခွဲ ထား သော စာ ရင်း ဟူ မူ ကား၊


အ ဘ လက် အောက် တွင် ခွက် ကွင်း၊ တ ယော၊ စောင်း များ နှင့် သီ ဆို လျက် ထာ ဝ ရ ဘု ရား သ ခင့် ဗိ မာန် တော် ၌ ထော မ နာ မှု ကို ပြု ရ ကြ၏။ အာ သပ်၊ ယေ ဒု သုန် ဟေ မန် တို့ မှာ ဘု ရင် မင်း၏ သြ ဝါ ဒ ခံ များ တည်း။


ဗိ မာန် တော် နှင့် နန်း တော် လက် ရန်း များ ကိုလည်း ကောင်း၊ အ ငြိမ့် တော် တို့ တီး ရန် စောင်း၊ တ ယော များ ကို လည်း ကောင်း၊ ဘု ရင် မင်း လုပ် လေ ၏။ ဤ မျှ လောက် ကောင်း သော နံ့ သာ သား သည် ယု ဒ ပြည် သို့ ထို ကာ လ မ ပေါ် မ ရောက် သေး။


အ န တ္တ၊ အ န တ္တ၊ အ န တ္တ၊ အ ရာ ခပ် သိမ်း သည်။ အ န တ္တ တည်း ဟု၊ အာ စ ရိ ယ က ကြား ပြော လေ၏။


ယ ခု၊ တံ ပိုး ခ ရာ၊ စောင်း၊ တ ရော၊ ပတ် သာ၊ ပြွေ အ စ ရှိ သော တု ရိ ယာ အ မျိုး မျိုး တီး မှုတ် သံ ကို ကြား သော အ ခါ ငါ လုပ် စေ သော ရွှေ ရုပ် တု ကို သင် တို့ ပျပ် ဝပ် ရှိ ခိုး မည့် ဝန် ခံ လျှင် သင့် လျော် ပြီ။ ရှိ မ ခိုး လျှင် မူ ကား တောက် လောင် သော မီး ပုံ ထဲ သို့ ချက် ခြင်း ပစ် ချ ခံ ကြ ရ မည်။ ငါ့ လက် မှ ကယ် လွှတ် နိုင် သော ဘု ရား ကား မည် သည့် ဘု ရား နည်း ဟု မိန့် ဆို လေ၏။


တံ ပိုး၊ ခ ရာ၊ စောင်း၊ တ ရော၊ ပတ် သာ၊ ပြွေ အ စ ရှိ သော တု ရိ ယာ အ မျိုး မျိုး တီး မှုတ် သံ ကို ကြား သော အ ခါ နေ ဗု ခဒ် နေ ဇာ မင်း တည် ထား တော် မူ သော ရွှေ ရုပ် တု ကို ပျပ် ဝပ် ရှိ ခိုး ကြ စေ။


သို့ နှင့် အ ညီ ဘာ သာ စ ကား အ မျိုး မျိုး ကို ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့ သည် တံ ပိုး၊ ခ ရာ၊ စောင်း၊ တ ရော၊ ပတ် သာ အ စ ရှိ သော တု ရိ ယာ အ မျိုး မျိုး တီး မှုတ် သံ ကြား သော အ ခါ ထို သူ အ ပေါင်း တို့ သည် နေ ဗု ခဒ် နေ ဇာ မင်း တည် ထား သော ရွှေ ရုပ် တု ကို ပျပ် ဝပ် ရှိ ခိုး ကြ ကုန်၏။


စောင်း တီး ၍ တ တွတ် တွတ် သီ ဆို ခြင်း၊ ဒါ ဝိဒ် မင်း အ လိုက် တု ရိ ယာ များ ကို တည် ထောင် ခြင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ