ဒေသနာကျမ်း။ 11:9 - Garrad Bible9 အ ချင်း လု လင်၊ နု ပျို ခြင်း ကြောင့် ဝမ်း မြောက် လျက်၊ ပျို ရွယ် သော ကာ လ၌ စိတ် ရွှင် လန်း၍၊ မျက် စိ မြင် သည့် အ လျောက်၊ စိတ် ရှိ ရာ လမ်း လျှောက် လော့။ သို့ ရာ တွင် ထို အ ရာ ရှိ သ မျှ နှင့် စပ် လျဉ်း၍၊ သင့် ကို ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ကို သိ မှတ် လော့။ အခန်းကိုကြည့်ပါ။Common Language Bible9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။ အခန်းကိုကြည့်ပါ။Judson Bible9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာ လမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။ အခန်းကိုကြည့်ပါ။ |
မွန်း တည့် သော်၊ ဧ လိ ယ က၊ ကျယ် စွာ ဟစ် ကြ လော့။ ဗာ လ သည် ဘု ရား မှန် လိမ့် မည်။ သို့ ရာ တွင် ဖိုလ် ဝင် စား သော် လည်း ကောင်း၊ တ ပို တ ပါး သွား ခိုက် သော် လည်း ကောင်း၊ ခ ရီး လွန် သော် လည်း ကောင်း၊ မ နိုး အောင် အိပ် မော ကျ ကောင်း ကျ သော်လည်း ကောင်း၊ ဖြစ် လိမ့် မည် ဟု ပြက် ရယ် ဆို သည့် ကာ လ သူ တို့ သည် ကျယ် စွာ ဟစ် လျက်
ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် နှင့် အ ညီ ထို ပန်း ပွား များ ကို ကြည့် မြင် တိုင်း သင် တို့ သည် ထာ ဝ ရ ဘု ရား ပ ညတ် ဟူ သ မျှ ကို သ တိ ရ လျက် စောင့် ရှောက် ကြ သည့် ပြင် လိုက် ရှာ မှား ယွင်း လေ့ ရှိ သည့် အ လျောက် ကိုယ့် မျက် စိ၊ ကိုယ့် သ ဘော အ ရ မ လှည့် ကြည့် ဘဲ ငါ့ ပ ညတ် ဟူ သ မျှ ကို သ တိ ရ လျက် စောင့် ရှောက် သ ဖြင့် သင် တို့ ဘု ရား သ ခင့် အ ဖို့ သန့် ရှင်း ရာ ရောက် ကြ လိမ့် မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ဖြစ် ခြင်း ငှါ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ၏။
တစ် ဦး ကား သင့် ညီ အစ် ကို ကို စီ ရင် ခြင်း၊ တစ် ဦး ကား သင့် ညီ အစ် ကို ကို မ ထီ လေး စား ခြင်း အ ဘယ် ကြောင့် ပြု သ နည်း။ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် ငါ ဘု ရား ကို ချီး မွမ်း ခြင်း ပြု ရ လိမ့် မည် ဟု အ သက် တော် ကို တိုင် တည်၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရှိ ကြောင်း ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ သည် ဘု ရား သ ခင်၏ တ ရား ပ လ္လင် တော် ရှေ့ ရပ် ရ ကြ လိမ့် မည်။
သို့ ဖြစ်၍ မှောင် မိုက်၌ ဝှက် ထား သော အ ရာ များ ကို ထုတ် ဖော် လျက် စိတ် အ ကြံ အ စည် များ ကို ထင် ရှား စေ တော် မူ သော အ ရှင် ဘု ရား ကြွ လာ တော် မူ သော အ ချိန်၊ ချိန်း ချက် သော အ ချိန် မ တိုင် မီ စီ ရင် ခြင်း မ ပြု ကြ လင့်။ ထို အ ခါ မှ လူ အ သီး အ သီး သည် ဘု ရား သ ခင့် ထံ ခံ ထိုက် သော အ ချီး အ မွမ်း တော် ကို ခံ ရ လိမ့် မည်။