ဒေသနာကျမ်း။ 1:2 - Garrad Bible2 အ န တ္တ၊ အ န တ္တ၊ အ န တ္တ၊ အ ရာ ခပ် သိမ်း သည်။ အ န တ္တ တည်း ဟု၊ အာ စ ရိ ယ က ကြား ပြော လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
အ ပေါင်း အ ဖော်၊ သား သ မီး၊ ညီ အစ် ကို မဲ့ တစ် ယောက် တည်း ဖြစ် လျက်၊ လုပ် ကိုင် မှု ရှိ သ မျှ၌ မ ရပ် မ နား၊ ကိုယ့် စည်း စိမ် ကို မြင်၍ လည်း တင်း မ တိမ် သ ဖြင့်၊ ချမ်း သာ မ ခံ စား ဘဲ၊ မည် သူ့ အ ဖို့ ငါ လုပ် ကိုင် ရ သ နည်း ဟု၊ အောက် မေ့ သင့် ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ ခဲ ယဉ်း သော တာ ဝန် ဖြစ်၏။