Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 7:4 - Garrad Bible

4 သို့ ရာ တွင် ဖာ ရော မင်း သည် သင် တို့ စ ကား ကို နား မ ထောင် သည် နှင့် အိ ဂျစ် ပြည် ပေါ် မှာ ငါ လက် တော် မိုး ၍ မ ဟာ ဒဏ် များ စီ ရင် ခြင်း ဖြင့် ငါ့ ဗိုလ် ခြေ၊ ငါ့ လူ မျိုး တော် ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​သည်​သင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင်​ငါ​၏​တန်​ခိုး​ကို ပြ​၍ ပြည်​သူ​ပြည်​သား​တို့​ကို​ပြင်း​ထန်​စွာ ဒဏ်​ခတ်​လျက် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​အ​ပေါင်း တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သို့သော် ဖာရော​မင်းကြီး​သည် သင်​တို့​စကား​ကို နားထောင်​လိမ့်မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​အပေါ် ငါ့​လက်​ကို​တင်​၍ ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် ငါ့​လူစု​ဖြစ်​သော ငါ့​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 7:4
28 ပူးပေါင်းရင်းမြစ်များ  

ထို နောက် ထာ ဝ ရ ဘု ရား က၊ ဖာ ရော မင်း ထံ ဝင် ဦး လော့။ ထို မင်း နှင့် ကျေး ကျွန် သင်း ပင်း တို့ ရှေ့ တွင် ဤ လ က္ခ ဏာ သက် သေ တော် များ ကို ပြ ခြင်း ငှါ လည်း ကောင်း၊ အိ ဂျစ် ပြည် တွင် ငါ ပြု သော အ မှု၊ ငါ ပြ သော လ က္ခ ဏာ သက် သေ တော် များ အ ကြောင်း၊ သင့် သား စဉ် မြေး ဆက် တို့ အား ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ စေ ခြင်း ငှါ လည်း ကောင်း၊ ထို သူ တို့ စိတ် နှ လုံး ကို ငါ ခက် မာ စေ ပြီ ဟု မော ရှေ အား မိန့် တော် မူ ၏။


ထာ ဝ ရ ဘု ရား က လည်း၊ အိ ဂျစ် ပြည် တွင် ငါ့ သက် သေ နိ မိတ် များ ကို တိုး ပွား စေ ရန် သင် တို့ စ ကား ကို နား မ ထောင် ဘဲ ဖာ ရော မင်း နေ ရ လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ ၏။


ထို နေ့ ချင်း တွင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား ဗိုလ် ခြေ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ၏။


ထို လူ မျိုး အား မော ရှေ ဆင့် ဆို သည် မှာ သင် တို့ သည် ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ထွက် လွတ် သော ဤ နေ့ ရက် ကို သ တိ ရ ကြ လော့။ လက် ရုံး တော် တန် ခိုး ဖြင့် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ပြီ။ တ ဆေး ခတ် သော မု့န် ကို မ စား ရ။


အား ကြီး သော လက် ရုံး တော် ဖြင့် အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် သင် တို့ နှုတ် ၌ ထာ ဝ ရ ဘု ရား ၏ တ ရား တည် စေ ရန် ဤ ဝတ် သည်၊ လက် ၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား၌ အ ထိမ်း အ မှတ် သ ဖွယ် ဖြစ် ရ မည်။


ဣ သ ရေ လ လူ တို့ အ တွက် ဖာ ရော မင်း နှင့် အိ ဂျစ် လူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သ မျှ ကို လည်း ကောင်း၊ လမ်း ခ ရီး၌ တွေ့ ကြုံ သ မျှ သော ဒု က္ခ ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ခြင်း အ ကြောင်း ကို လည်း ကောင်း၊ ယော က္ခ မ အား မော ရှေ ကြား ပြော ရာ၊


အိ ဂျစ် ဘု ရင် သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ပင် သွား ခွင့် မ ပေး အံ့ သည် ကို ငါ သိ ၏။


ငါ လည်း လက် ရုံး တော် ဆန့်၍ အိ ဂျစ် ပြည် တွင် ပြု လ တ္တံ့ သော အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ဖြင့် ထို ပြည် ကို ဒဏ် သင့် စေ မည်။ ထို နောက် မှ သင် တို့ ကို လွှတ် လိမ့် မည်။


ထာ ဝ ရ ဘု ရား က၊ ငါ သည် ဖာ ရော မင်း အား မည် သို့ ပြု မည် ကို ယ ခု သင် သိ ရ အံ့။ ထို မင်း သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ငါ့ လူ မျိုး ကို လွှတ် ရ လိမ့် မည်။ အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ မှ သာ သူ့ ပြည် က ထွက် စေ လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ ၏။


ဣ သ ရေ လ အ မျိုး သား တို့ ကို ဗိုလ် ခြေ အ လိုက် အိ ဂျစ် ပြည် မှ ထုတ် ဆောင် လော့ ဟူ သော ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို နာ ခံ ရ သူ တို့ ကား ဆို ခဲ့ သော အာ ရုန် နှင့် မော ရှိ တို့ တည်း။


ထို ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ၊ ငါ သည် ထာ ဝ ရ ဘုရား ပေ တည်း။ သင် တို့ ကို အိ ဂျစ် လူ တို့ ထံ အ လုပ် ဝန် မှ ထုတ် ဆောင်၍ ကျွန် စေ စား ရာ မှ လည်း ကယ် လွှတ် လျက် လက် ရုံး တော် ဆန့် တန်း ခြင်း၊ မ ဟာ ဒဏ် စီ ရင် ခြင်း များ ဖြင့် ငါ ရွေး နုတ် မည်။


ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲ ယဉ်း၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ လေ ၏။


ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ငါ့ လူ မျိုး ကို တော၌ ငါ့ အား ဝတ် ပြု ရန် လွှတ် လော့ ဟူ သော အ မိန့် တော် နှင့် ကျွန် တော် ကို ကိုယ် တော့် ထံ စေ လွှတ် တော် မူ သော် လည်း ယ ခု တိုင် ကိုယ် တော် နား မ ထောင် ဘဲ နေ ပါ သည် တ ကား။


ဖာ ရော မင်း လည်း သက် သာ ခွင့် ရ ကြောင်း သိ မြင် သော အ ခါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း စိတ် နှ လုံး ခက် မာ၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။


ထို အ ခါ ၎င်း ဝိ ဇ္ဇာ ဆ ရာ တို့ က၊ ဤ အ မှု ကား ဘု ရား သ ခင့် လက် ချက် တော် တည်း ဟု ဖာ ရော မင်း အား လျှောက် ထား ကြ သော် လည်း ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲ ယဉ်း၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။


မော ရှေ အား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း၏ စိတ် နှ လုံး ခဲ ယဉ်း စေ တော် မူ သ ဖြင့် သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။


ငါ ထာ ဝ ရ ဘု ရား၏ လက် တော် သည် မြင်း၊ မြည်း၊ ကု လား အုပ်၊ နွား၊ သိုး၊ ဆိတ် စ သော လယ် ပြင် ရှိ တိ ရ စ္ဆာန် များ အ ပေါ် သို့ ရောက် သ ဖြင့် ပြင်း ထန် သော ကပ် ရော ဂါ ဘေး သင့် လိမ့် မည်။


မ ထီ လေး စား ပြု သူ တို့ အ ဖို့၊ အ ပြစ် စီ ရင် ခြင်း၊ မိုက် မဲ သူ တို့ ကျောက် ကုန်း အ ဖို့၊ ရိုက် နှက် ခြင်း သည်၊ အ ရံ သင့် ရှိ ၏။


ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။


ငါ့ အ ပေါ် တွင်၊ လက် တော် ကို နေ့ ရှိ သ မျှ တင် ဖိ တော် မူ လှ စွ တ ကား။


သို့ နှင့် အ ညီ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား အံ့ သော ငှာ၊ ဓား ဘေး၊ အ စာ ခေါင်း ပါး ခြင်း ဘေး၊ သား ရဲ ဘေး၊ ကပ် ရော ဂါ ဘေး တည်း ဟူ သော မ ဟာ ဒဏ် လေး ချက် ကို၊ ယေ ရု ရှ လင် မြို့ ပေါ် သို့ ငါ သင့် စေ သည့် ကာ လ၊ မု ချ ခက် ခဲ လိမ့် တ ကား။


ထို ပြည် ကို စီ ရင် ဒဏ် ခတ် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။


ပါ သ ရု ပြည် ကို ဆိတ် ညံ ရာ ရောက် စေ ခြင်း၊ ဇော န မြို့၌ မီး မွေး ခြင်း၊ နော မြို့ အား စီ ရင် ဒဏ် ခတ် ခြင်း၊


အိ ဂျစ် ပြည် ကို ထို သို့ စီ ရင် ဒဏ် ခတ် သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။


အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ကို ခန့် ညား ခြင်း၊ ချီး မွမ်း ခြင်း မ ပြု ဘဲ နေ ဝံ့ သူ ကား မည် သူ ပါ နည်း။ ကိုယ် တော် သာ လျှင် သန့် ရှင်း လျက် ဖြောင့် မတ် မှု တော် များ ထင် ရှား ပြီး ဖြစ် ၍ လူ မျိုး ရှိ သ မျှ သည် ရှေ့ တော် သို့ ဝင် ရောက် ရှိ ခိုး ကြ လ တ္တံ့ ဟု သီ ဆို ကြ ၏။


ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။


စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ်၏။ မ တ ရား သော မေ ထုန် ဖြင့် မြေ ကြီး တစ် ပြင် လုံး ဖောက် ပြန် စေ သော ပြည် တန် ဆာ ကြီး ကို စီ ရင် ဆုံး ဖြတ် တော် မူ လျက် ကျွန် တော် ရင်း တို့ အ သွေး အ တွက် လက် စား​ ချေ တော် မူ ပြီ ဟု ကြွေး ကြော် ကြ ပြီး နောက်၊


ထွက် သွား လေ ရာ ရာ ထာ ဝ ရ ဘု ရား သ စ္စာ ဆို၍ မိန့် မြွက် တော် မူ သည့် အ လျောက် အ ဆိုး ပြု ရန် လက် ရုံး ဆန့် တော် မူ ခြင်း ကြောင့် ပြင်း စွာ ဒု က္ခ ရောက် ကြ သ တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ