တမန်တော်ဝတ္ထု 8:14 - Garrad Bible14 ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ရှ မာ ရိ လူ မျိုး ခံ ယူ ကြောင်း ကြား၍ ပေ တ ရု နှင့် ယော ဟန် တို့ ကို စေ လွှတ် ကြ သည့် အ တိုင်း ရောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Common Language Bible14 ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible14 ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့သည် သတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ဂျေရုဆလင်မြို့ရှိ တမန်တော်တို့သည် ရှမာရိပြည်သားများက ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ကြားသိသောအခါ ပေတရုနှင့် ယောဟန်တို့ကို ရှမာရိနယ်သို့ လွှတ်လိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊
ဤ သို့ ညှဉ်း ပန်း ခံ ရ သည့် အ တွက် မည် သူ မျှ စိတ် လှုပ် ရှား ခြင်း မ ရှိ စေ ရန် သင် တို့ ကို ယုံ ကြည် ခြင်း တ ရား၌ အား ပေး၍ တည် ကြည် စေ မည့် သူ၊ ခ ရစ် တော်၏ သ တင်း တော်မြတ် ဆိုင် ရာ ဘု ရား သ ခင့် အ မှု တော် ဆောင် ဖြစ် သော တိ မော သေ ကို စေ လွှတ် လိုက်၏။ သင် တို့ နှင့် အ တူ ရှိ စဉ် ငါ တို့ တင် ရင် ပြော ဆို သည့် ပြင် အ ဖြစ် အ ပျက် များ ကို ကိုယ် တိုင် သိ ကြ သည့် အ တိုင်း ငါ တို့ သည် ညှဉ်း ပန်း ခံ ရန် ထား သူ များ ဖြစ် ကြောင်း သင် တို့ သိ ကြ၏။