Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:13 - Garrad Bible

13 ရှိ မုန် ကိုယ် တိုင် လည်း ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် ဖိ လိ ပ္ပု ကို ဆည်း ကပ် လျက် နိ မိတ် လ က္ခ ဏာ များ၊ ကြီး စွာ သော အံ့ ဖွယ် ရာ များ ကို ကြည့် မြင် ရ၍ အံ့ သြ မိန်း မော လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ရှိ​မုန်​ကိုယ်​တိုင်​ပင်​လျှင်​ယုံ​ကြည်​သ​ဖြင့်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ပြီး​နောက် ဖိ​လိပ္ပု​ထံ​တွင်​မှီ​ဝဲ ဆည်း​ကပ်​လေ​သည်။ သူ​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​သော အ​ခါ အံ့​သြ​မိန်း​မော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ရှိမုန်​ကိုယ်တိုင်​သည်​လည်း ယုံကြည်​၍ ဗတ္တိဇံ​ခံ​ကာ ဖိလိပ္ပု​ကို​ဆည်းကပ်​လျက် နိမိတ်​လက္ခဏာ​များ​နှင့် ကြီးမား​သော​တန်ခိုး​လက္ခဏာ​များ​ဖြစ်ပေါ်​သည်​ကို တွေ့မြင်​၍ အံ့ဩ​ငေးမော​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ရှိမုန်​ကိုယ်တိုင်​ပင် ယုံကြည်​သဖြင့် နှစ်ခြင်းမင်္ဂလာ​ခံယူ​ပြီးမှ ဖိလိပ္ပု​ထံ မှီဝဲဆည်းကပ်​၍ နိမိတ်​လက္ခဏာများ​နှင့် ကြီးမားသော​အံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်​ကို မြင်တွေ့ရ​သောအခါ အံ့ဩ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:13
16 ပူးပေါင်းရင်းမြစ်များ  

လူ မျိုး ခြား တို့ တွင် အ ဖြစ် အ ပျက် ကို၊ ရှု ကြည့် မှတ် သား ၍ အံ့ အား သင့် လျက် နေ ကြ လော့။ ကြား ၍ မ ယုံ နိုင် သော အ မှု ကို၊ သင် တို့ လက် ထက် ၌ ပင်၊ ငါ စီ ရင် မည်။


ယော ဟန့် ထံ သွား ရောက်၍ အ ပြစ် ဝန် ချ လျက် ယော် ဒန် မြစ်၌ သူ့ လက် ဖြင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။


ယုံ ကြည် သူ တို့ ရ အံ့ သော နိ မိတ် လ က္ခ ဏာ များ ကား ငါ့ နာ မ နှင့် နတ် များ ကို နှင် ထုတ် ခြင်း၊ ဘာ သာ စ ကား ထူး ပြော ဆို ခြင်း၊


ကျောက် ပေါ် တွင် ကျ သူ တို့ မှာ တ ရား တော် ကို ကြား သော် ရွှင် လန်း စွာ နာ ယူ သော် လည်း အ မြစ် မ စွဲ သ ဖြင့် ခ ဏ မျှ သာ ယုံ ကြည်၍ စုံ စမ်း ခြင်း ခံ ရ သည့် ကာ လ ဖောက် ပြန် သူ များ ဖြစ် ၏။


ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊


ယေရှုက ငါသည်အမှုတစ်ခုကိုပြုလုပ်ရာတွင် သင်တို့ရှိသမျှအံ့သြကြ၏။


နောက် ဥ ပုသ် နေ့ ကျ ရောက် သော် ဘု ရား သ ခင်၏ တ ရား တော် ကို ကြား နာ ရန် မြို့ လုံး ကျွတ် မ တတ် စု ရုံး လျက် ရှိ ကြ ရာ၊


ပေါ လု လက် ဖြင့် အံ့ ဖွယ် ရာ အ ထူး အ ဆန်း များ ကို ဘု ရား သ ခင် ပြု တော် မူ သည် ဖြစ်၍၊


ဗိ မာန် တော် ရှိ တင့် တယ် တံ ခါး အ နီး တောင်း စား သူ ဖြစ် ကြောင်း မှတ် မိ သ ဖြင့် သူ၌ ဖြစ် သော အ ခြင်း အ ရာ ကို များ စွာ အံ့ သြ မိန်း မော ကြ ၏။


တ ရား တော် ဆိုင် ရာ ပိုင် စု နှင့် ဝေ ပုံ ကို မျှ သင် ရ သည် မ ဟုတ်။ စိတ် နှ လုံး လည်း ဘု ရား သ ခင့် ရှေ့ မ ဖြောင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ