တမန်တော်ဝတ္ထု 7:51 - Garrad Bible51 စိတ် ခဲ ယဉ်း ၍ နှ လုံး၌ လည်း ကောင်း၊ နား ၌ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော အ ချင်း တို့၊ သင် တို့ သည် ဘိုး ဘေး များ အ လိုက် သန့် ရှင်း သော ဝိ ညာဉ် တော် ကို အ စဉ် ခု ခံ ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Common Language Bible51 ``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။- အခန်းကိုကြည့်ပါ။Judson Bible51 လည်ပင်းခိုင်မာ၍ နှလုံးဖြင့်လည်းကောင်း၊ နားဖြင့်လည်းကောင်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း51 ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း51 ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထာ ဝ ရ ဘု ရား က လည်း ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ သင် တို့ သည် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သည့် အ တွက် တစ် ခ ဏ မျှ ပင် အ လယ်၌ ငါ ကြွ သွား ခဲ့ လျှင် ကုန် ခန်း စေ လိမ့် မည်။ ထို ကြောင့် သင် တို့ အား မည် သို့ ပြု ရ မည် ကို ငါ သိ စိမ့် သော ငှါ တန် ဆာ များ ကို ချွတ် ကြ စေ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ မျက် နှာ သာ ရ ပါ လျှင် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သော ကြောင့် အ ကျွန်ုပ် တို့ အ လယ် တွင် ကြွ တော် မူ ပါ။ အ ရှင် ဘု ရား၊ အ ကျွန်ုပ် တို့ ဒု စ ရိုက် အ ပြစ် များ ကို လွှတ်၍ အ ကျွန်ုပ် တို့ ကို ကိုယ် တော် ပိုင် သိမ်း ပိုက် တော် မူ ပါ ဟု တောင်း လျှောက် လျှင်၊
ထို အ ရှင် အား ဖြင့် လည်း သင် တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရာ၌ ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ၍ သူ သေ တို့ အ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင့် တန် ခိုး တော် အား ယုံ ကြည် ခြင်း ကြောင့် အ တူ ရှင် ပြန် ထ မြောက် ပြီး ဖြစ် ကြ သည် နှင့် အ ညီ လူ့ လက် ဖြင့် မ ဟုတ်၊ ရုပ် တ ရား တစ် ခ န္ဓာ လုံး ကို ချွတ် ပယ် ခြင်း တည်း ဟူ သော ခ ရစ် တော့် ဆိုင် ရာ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ ကြ ပြီ။