Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 7:24 - Garrad Bible

24 မ တ ရား သ ဖြင့် ခံ ရ သူ တစ် ယောက် ကို တွေ့ မြင် ရာ ကွယ် ကာ၍ နှိပ် စက် သူ အိ ဂျစ် ပြည် သား ကို လက် စား ချေ လျက် ရိုက် သတ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့နောက် လူ​တစ်​ဦး​သည် မတရား​သဖြင့်​ပြုမူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာကွယ်​လျက် အီဂျစ်​အမျိုးသား​ကို​ရိုက်​သတ်​ကာ ဖိနှိပ်​ခံရ​သူ​အတွက် လက်တုံ့ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့နောက် မိမိ​လူမျိုး​တစ်ဦး မတရား​နှိပ်စက်ခံနေရသည်​ကို မြင်​သောအခါ ထို​နှိပ်စက်ခံရသူ​ဘက်မှ ကူ​၍ အီဂျစ်လူမျိုး​ကို​ရိုက်သတ်​ကာ လက်တုံ့ပြန်ပေးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 7:24
7 ပူးပေါင်းရင်းမြစ်များ  

မော ရှေ သည် အ ရွယ် ရောက် သော အ ခါ ကိုယ့် အ မျိုး သား ချင်း တို့ ရှိ ရာ သို့ သွား၍ ၎င်း တို့ အ လုပ် ဝန် များ ကို ကြည့် ရှု ရာ၊ အ မျိုး သား ချင်း ဖြစ် သော ဟေ ဗြဲ လူ တစ် ယောက် ကို အိ ဂျစ် လူ ရိုက် နှက် သည် ကို မြင် လျှင်၊


ထို ထို ဤ ဤ လှည့် ကြည့် လျက် လူ သူ မ ရှိ ကြောင်း သိ မြင် သော အ ခါ အိ ဂျစ် လူ ကို ရိုက် သတ်၍ သဲ ထဲ တွင် မြှုပ် ဝှက် လေ ၏။


အ သက် လေး ဆယ် ရှိ သော် ညီ အစ် ကို ချင်း ဖြစ် သော ဣ သ ရေ လ အ မျိုး သား တို့ ထံ ကြည့် ရှု လို သော အ ကြံ နှင့် သွား ပြီး လျှင်၊


ကိုယ့် လက် ဖြင့် ဘေး လွတ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ကြောင်း ဆွေ မျိုး သား ချင်း တို့ နား လည် ကြ မည် ဟု မော ရှေ အောက် မေ့ သော် လည်း နား မ လည် ကြ သည် နှင့်၊


ယ မန် နေ့ က အိ ဂျစ် ပြည် သား ကို သတ် ပစ် သည့် နည်း တူ ငါ့ ကို လည်း သတ် လို သ လော ဟု ဆို လျက် မော ရှေ ကို ဖယ် လိုက် ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ