Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 5:32 - Garrad Bible

32 ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ သက် သေ ခံ ကြ သည့် ပြင် လိုက် နာ သူ တို့ အား ဘု ရား သ ခင် သ နား တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် လည်း သက် သေ ခံ တော် မူ သည် ဟု ပြန် ဆို ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​အ​ကြောင်း​အ​ရာ​တို့​သည် အ​မှန်​ဖြစ်​ကြောင်း​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​ထောင်​သော သူ​တို့​အား ပေး​သ​နား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ခံ​ဖြစ်​တော်​မူ​သည်​ဟု ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ငါ​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် မိမိ​စကား​ကို​နားထောင်​သော​သူ​တို့​အား ပေး​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း သက်သေ​ဖြစ်​တော်မူ​၏”​ဟု ပြန်ဖြေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ကျွန်ုပ်တို့​သည် ထို​အကြောင်းအရာများ​၏​အသိ​သက်သေများ​ဖြစ်ကြ၏။ ထို​အရှင်​ကို နာခံသော​သူတို့​အား ဘုရားသခင်​ပေးတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သက်သေ​ဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 5:32
17 ပူးပေါင်းရင်းမြစ်များ  

ယေရှု၌ဘုန်းထင်ရှားတော်မမူသေးသောကြောင့် ဝိညာဉ်တော်ဆုကျေးဇူးကိုမခံကြရ သေးသည့်အလျောက် ကိုယ်တော်ကိုယုံကြည်သူတို့ရမည့်ဝိညာဉ်တော်ကိုရည်ဆောင်၍ ထိုသို့မိန့်တော်မူသတည်း။


သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊


ထို သ တင်း ကို ပေ တ ရု ပြန် ကြား စဉ် တ ရား တော် ကို ကြား နာ သူ ရှိ သ မျှ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ၏။


ကိုယ် တော် သည် လူ မျိုး တော် ရှေ့ ကိုယ် တော့် အ ကြောင်း ယ ခု သက် သေ ခံ သော ဂါ လိ လဲ နယ် မှ ယေ ရု ရှ လင် မြို့ သို့ လိုက် ပါ ခဲ့ သူ တို့ အား နေ့ ရက် များ စွာ ထင် ရှား တော် မူ၏။


သင် တို့ သည် ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား၊ အ သွေး ပါ သော အ သား၊ ညှစ်၍ သေ သော အ သား သုံး ဆောင် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း များ ကို ကြဉ် ရှောင် အပ် သည့် တာ ဝန် မှ တစ် ပါး အ ခြား တာ ဝန် ကို သင် တို့ အ ပေါ် တွင် မ တင် သင့် ဟူ၍ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ငါ တို့ ပါ သ ဘော တော် ရှိ သည့် အ တိုင်း ထို အ ရာ ကို ကြဉ် ရှောင် လျှင် ချမ်း သာ ရ ကြ လိမ့် မည်။ ကျန်း မာ ကြ ပါ စေ သော ဟူ၍ ပါ ရှိ သ တည်း။


ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။


သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။


ပေ တ ရု နှင့် တ ကွ တ မန် တော် တို့ က လူ့ စ ကား ထက် ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို လိုက် နာ ကြ ရ မည်။


ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။


တ တိ ယ ကြိမ် သင် တို့ ထံ ငါ ရောက် လာ သည် မှာ သက် သေ ခံ နှစ် ဦး သုံး ဦး ထွက် ဆို က ပြစ် မှု ရှိ သ မျှ တည် စေ မည်။


ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ သင် တို့ အား ကြား ပြော ပြီး သ တင်း တော် တည်း ဟူ သော ထို အ ကြောင်း အ ရာ များ ကို ကိုယ့် အ ဖို့ မ ဟုတ်၊ သင် တို့ အ ဖို့ ဆင့် ဆို ရ ကြောင်း အ ထင် အ ရှား သိ မြင် ခဲ့ ကြ ၏။ ထို အ ကြောင်း အ ရာ များ ကို စေ တ မန် တော် တို့ ပင် ဒိ ဋ္ဌ သိ မြင် လို ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ