တမန်တော်ဝတ္ထု 5:31 - Garrad Bible31 ဣ သ ရေ လ လူ မျိုး အား နောင် တ ရ ခွင့် နှင့် အ ပြစ် ပြေ လွတ် ခွင့် ကို သ နား စေ ရန်၊ မင်း အ ဖြစ်၊ ကယ် တင် ရှင် အ ဖြစ်၊ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible31 ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible31 ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊ ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း31 အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
နှီး နှော တိုင် ပင် ပြီး လျှင်၊ ဖော် ပြ လဲ လျှောက် ကြ စေ။ ယ မန် ရှေး ကာ လ က ပင်၊ ဤ အ မှု အ ရာ ကို ဖော် ပြ ကြား ပြော သော အ ရှင် ကား၊ မည် သူ နည်း။ ငါ ထာ ဝ ရ ဘု ရား မ ဟုတ် လော။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ ငါ မှ တစ် ပါး လည်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စုံ၍ ကယ် တင် ပိုင် တော် မူ သော ဘု ရား တစ် ဆူ မျှ မ ရှိ ချေ။
အ သို့ ဆို သော်၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ဖြင့် ယ ခု မှ စ၍ က မ္ဘာ အ ဆက် ဆက် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် တော်၊ နိုင် ငံ တော် ခိုင် ခံ့ တည် မြဲ လျက်၊ အာ ဏာ တော် တိုး တက် လျက်၊ ငြိမ် သက် ခြင်း မ ဆုံး မ ကုန် စေ ခြင်း ငှာ၊ ငါ တို့ အ ဖို့ သူ ငယ် ကို ဖွား စေ၍ သား ကို ပေး သ နား တော် မူ သ ဖြင့်၊ ထို သူ ငယ် သည်၊ အာ ဏာ စက် ကို ထမ်း ဆောင် လျက်၊ အ မည် ကား၊ အံ့ ဖွယ် သော တိုင် ပင် ရှင်၊ တန် ခိုး ကြီး သော ဘု ရား၊ ထာ ဝ ရ အ ဖ၊ ငြိမ် သက် ခြင်း မင်း ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စေ တ နာ ထက် သန် တော် မူ ခြင်း အား ဖြင့် ထို သို့ ပြီး မြောက် လိမ့် သ တည်း။
သို့ ဖြစ်၍၊ မြင့် သော အ ပင် ကို နိမ့် စေ ခြင်း၊ နိမ့် သော အ ပင် ကို မြင့် စေ ခြင်း၊ စိမ်း သော အ ပင် ကို ခြောက် စေ ခြင်း၊ ခြောက် သော အ ပင် ကို လန်း စေ ခြင်း များ ကို၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို လျက် စီ ရင် ကြောင်း၊ တော ရှိ အ ပင် အ မျိုး မျိုး တို့ သိ ရ ကြ လ တ္တံ့ ဟူ သော ဗျာ ဒိတ် ချက် ကို ဆင့် ဆို လော့ ဟူ၍ တည်း။
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။