Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 4:20 - Garrad Bible

20 ငါ တို့ မူ ကား ကြား ခဲ့ မြင် ခဲ့ ရာ များ ကို မ ဟော ဘဲ မ နေ နိုင် ဟု ပြန် ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ကျွန်ုပ်တို့​သည် မြင်တွေ့​၍ ကြားခဲ့ပြီးသော​အရာတို့​ကို မဟောပြောဘဲ​မနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 4:20
27 ပူးပေါင်းရင်းမြစ်များ  

ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် ငါ့ နှုတ် တွင် ရှိ လျက် ဝိ ညာဉ် တော် သည် ငါ့ အား ဖြင့် မိန့် တော် မူ ၍


ထာ ဝ ရ ဘု ရား က ငယ် ရွယ် သူ ဖြစ် ပါ သည် ဟု မ လျှောက် လင့်။ ငါ စေ လွှတ် သ မျှ သို့ သွား ၍၊ မိန့် မှာ သ မျှ ကို ဆင့် ဆို ရ မည်။


ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။


အို ငါ့ အ သည်း အ ဆုပ်၊ ထုံ ကျင် ပါ ရ စေ။ အို နှ လုံး၏ အ ကွယ် အ ကာ၊ ငါ့ စိတ် နှ လုံး ညဉ်း တွား လျက် ရှိ၏။ တံ ပိုး မှုတ် သံ၊ စစ် ရေး သံ ကို စိတ် မ နော ဖြင့် ငါ ကြား ရ သည့် အ လျောက်၊ ဆိတ် ဆိတ် မ နေ နိုင်။


ငါ သည် ထာ ဝ ရ ဘု ရား၏ အ မျက် တော် နှင့် ပြည့် လျက်၊ မ ချိ မ ဆံ့ ပန်း လှ ပြီ ဖြစ် ရ ကား။ ထာ ဝ ရ ဘု ရား က၊ လမ်း ရှိ သူ ငယ် တို့ နှင့် စု ရုံး သော လူ ပျို တို့ အ ပေါ် သို့ သွန်း လောင်း လော့။ ယောက်ျား နှင့် မိန်း မ ကို လည်း‌ ကောင်း၊ အို မင်း သူ နှင့် ကြီး ရင့် သူ့ ကို လည်း‌ ကောင်း၊ သုံ့ ပန်း မည် ဖြစ် ၍၊


သိမ်း သွား ခံ ရ သော လူ မျိုး သား ချင်း တို့ အား၊ နား ထောင် ကြ သည် ဖြစ် စေ၊ နား မ ထောင် ကြ သည် ဖြစ် စေ၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု၊ သွား ရောက် ကြား ပြော ဆင့် ဆို လော့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ၏။


ကေ သ ရာ ဇာ ဟုန်း တော် မူ ရာ မ ထိတ် လန့် ဘဲ၊ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ရာ မ ဟော ပြော ဘဲ နေ ဝံ့ သူ ကား၊ မည် သူ နည်း။


ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။


ဗာ လမ် က၊ ယ ခု ရောက် လာ ပြီ ဖြစ် သော် လည်း ကိုယ် တိုင် တစ် စုံ တစ် ရာ ပြော နိုင် ခွင့် ရှိ သ လော။ ကျွန်ုပ် နှုတ် တွင် ဘု ရား သ ခင် ထည့် သွင်း တော် မူ သော ဗျာ ဒိတ် ကို သာ ဆင့် ဆို ပါ မည် ဟု ဆို လျက်၊


မင်္ဂ လာ ပေး စေ ဟု နာ ခံ ရ သော ငါ သည် ကိုယ် တော် ပေး သော မင်္ဂ လာ ကို မ ဖျက် နိုင်။


သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊


မာ ကေ ဒေါ နိ ပြည် မှ သိ လ နှင့် တိ မော သေ တို့ ရောက် လာ ကြ သည့် ကာ လ ပေါ လု သည် ဟော ပြော မှု ကို ဝိ ရိ ယ စိုက်၍ ယေ ရှု ပင် ခ ရစ် တော် မှန် ကြောင်း ယု ဒ လူ မျိုး တို့ အား သက် သေ ခံ လျက် နေ ရာ၊


ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။


သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။


သင် သည် မြင် ရ ကြား ရ သော အ ရာ များ ကို လူ ခပ် သိမ်း တို့ ရှေ့ ကိုယ် တော်၏ သက် သေ ဖြစ် ရ လိမ့် မည်။


သန့် ရှင်း ဖြောင့် မတ် သော အ ရှင် ကို ငြင်း ဆို၍ အ သက် ပိုင် ရှင် ကို အ သေ သတ် ကြ ရာ ငါ တို့ သက် သေ ခံ သည့် အ တိုင်း ဘု ရား သ ခင် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ၏။


ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ သက် သေ ခံ ကြ သည့် ပြင် လိုက် နာ သူ တို့ အား ဘု ရား သ ခင် သ နား တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် လည်း သက် သေ ခံ တော် မူ သည် ဟု ပြန် ဆို ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ