တမန်တော်ဝတ္ထု 4:13 - Garrad Bible13 ပ ညာ ရှိ ကျမ်း တတ် မ ဟုတ် ကြောင်း ထို သူ တို့ သိ သ ဖြင့် ပေ တ ရု နှင့် ယော ဟန် တို့ ရဲ ရင့် ခြင်း ကို မြင် သော် အံ့ သြ လျက်၊ ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ကို မှတ် မိ ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။- အခန်းကိုကြည့်ပါ။Judson Bible13 ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍လည်းကောင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။ အခန်းကိုကြည့်ပါ။ |
ယ ခု မှာ အ ရှင် ဘု ရား၊ ချင်း တို့ ခြိမ်း ချောက် ချက် များ ကို ရှု ကြည့် တော် မူ လျက် သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု၏ နာ မ တော် ဖြင့် အ နာ ကင်း ပျောက်၍ အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ဖြစ် စေ ခြင်း ငှါ လက် ရုံး တော် ဆန့် သည့် ပြင်၊ ရဲ ရင့် စွာ တ ရား တော် ဟော ပြော ခွင့် ကို ကျွန် တော် မျိုး တို့ အား သ နား တော် မူ ပါ ဟူ၍ တည်း။
ရှေ့ တော် တွင် လူ သ တ္တ ဝါ တစ် ဦး မျှ ကိုယ် ကို ဂုဏ် တင် ခွင့် မ ရ စေ မည့် အ ကြံ တော် နှင့် ဘု ရား သ ခင် သည် ပ ညာ ရှိ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် မိုက် မဲ ရာ များ ကို ရွေး ချယ် ခြင်း၊ အား ကြီး သူ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် အား နည်း ရာ များ ကို ရွေး ချယ် ခြင်း၊ ထွန်း ကား ရာ များ ကို အ ကျိုး မဲ့ စေ ရန် ဤ လော က တွင် မ ရှိ သ ဘွယ် ညံ့ သော အ ရာ၊ မ ရေ ရ သော အ ရာ များ ကို ရွေး ချယ် ခြင်း ပြု တော် မူ ၏။