Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:2 - Garrad Bible

2 ဗိ မာန် တော် ဝင် သူ တို့ ထံ အ စွန့် အ ကြဲ ခံ စေ ခြင်း ငှါ တင့် တယ် ခေါ် ဗိ မာန် တော့် တံ ခါး အ နီး နေ့ တိုင်း ချ ထား လေ့ ရှိ သော ဝမ်း တွင်း ပါ ခြေ ဆွံ့ တစ် ယောက် ကို ထမ်း လာ ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထိုအခါ လူတို့​သည် မွေးရာပါ ခြေမသန်သူ​တစ်ဦး​ကို သယ်ဆောင်လာကြ၏။ သူတို့​သည် “လှပသော​တံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်​၏​တံခါး​အနီး​၌ ထို​သူ​ကို နေ့စဉ်​ထားလေ့ရှိ၏။ ဤသည်​မှာ ထို​သူ​သည် ဗိမာန်တော်​သို့ ဝင်သော​သူတို့​ထံမှ ငွေကြေး​တောင်းရမ်း​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:2
9 ပူးပေါင်းရင်းမြစ်များ  

လာ ဇ ရု ခေါ် သူ တောင်း စား တစ် ယောက် သည် ထို သူ ဌေး စား ပွဲ မှ ကျ သည့် အ ကြွင်း အ ကျန် ကို စား လို၍ ဝင်း တံ ခါး အ နီး ချ ထား လေ့ ရှိ ကြ သော် ခွေး တို့ ပင် လာ၍ အ နာ များ ကို လျက် ရှာ ကြ၏။


ယေ ရိ ခေါ မြို့ အ နီး ရောက် တော် မူ သော် လမ်း နံ ဘေး တွင် ထိုင် နေ သော မျက် မ မြင် သူ တောင်း စား တစ် ယောက် သည်၊


သို့ဖြစ်၍ သူတောင်းစားအဖြစ်မြင်ဘူးသူတို့နှင့်အိမ်နီးချင်းတို့က၊ ဤသူသည်ထိုင်၍ တောင်းစားသူမဟုတ်လောဟုဆိုကြရာ အချို့က ထိုသူပင်ဖြစ်သည်၊


အို ကော် နေ လိ၊ ဘု ရား သ ခင် သည် သင့် ပ ဌ နာ ကို နား ညောင်း၍ စွန့် ကြဲ ပေး ကမ်း မှု များ ကို လည်း မှတ် သား တော် မူ လေ ပြီ။


ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။


လု တ္တ ရ မြို့၌ မည် သည့် အ ခါ မျှ မ လှမ်း မ သွား နိုင် သော ဝမ်း တွင်း ပါ ခြေ ဆွံ့ တစ် ယောက် သည် ထိုင်၍ ပေါ လု ဟော ပြော သည် ကို နား ထောင် လျက် နေ စဉ်၊


ဗိ မာန် တော် ရှိ တင့် တယ် တံ ခါး အ နီး တောင်း စား သူ ဖြစ် ကြောင်း မှတ် မိ သ ဖြင့် သူ၌ ဖြစ် သော အ ခြင်း အ ရာ ကို များ စွာ အံ့ သြ မိန်း မော ကြ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ