Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 28:2 - Garrad Bible

2 ကျွန်း သား တို့ သည် ငါ တို့ ကို ကျေး ဇူး အ ထူး ပြု လျက် မိုဃ်း ရွာ၍ ချမ်း ဧ သော ကြောင့် မီး ဖို ပြီး လျှင် ရှိ သ မျှ ကို ဧည့် ခံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကျွန်း​သူ​ကျွန်း​သား​တို့​သည်​ကျွန်ုပ်​တို့​အ​ပေါ်​တွင် အ​ထူး​ကြင်​နာ​မှု​ကို​ပြ​ကြ​၏။ မိုး​ရွာ​သ​ဖြင့် ချမ်း​အေး​လာ​သော​ကြောင့် ထို​သူ​တို့​သည်​မီး​ဖို ပြီး​လျှင်​ကျွန်ုပ်​တို့​အား​ဧည့်​ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မိုး​ရွာ၍ ချမ်း​သော​ကြောင့် လူ​ရိုင်း​တို့​သည် မီးမွှေး​ပြီး​လျှင်၊ ငါ​တို့​အ​ပေါင်း​ကို လက်​ခံ၍ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ကျွန်းသား​တို့​သည် ငါ​တို့​အား ထူးခြား​သော​ချစ်ခင်​ကြင်နာ​မှု​ကို​ပြသ​ကြ​၏။ မိုး​ရွာ​၍​ချမ်းအေး​သောကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အားလုံး​ကို လက်ခံ​ကြိုဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ကျွန်းသူ​ကျွန်းသားများ​က ကျွန်ုပ်တို့​အပေါ် အလွန်​ကြင်နာ​ကြ၏။ မိုးရွာ​၍ ချမ်းအေး​သောကြောင့် သူတို့​သည်​မီးဖိုပေး​လျက် ကျွန်ုပ်တို့​အားလုံး​ကို ကြိုဆိုဧည့်ခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 28:2
19 ပူးပေါင်းရင်းမြစ်များ  

သို့ ဖြစ်၍၊ ယု ဒ၊ ဗင်္ယာ မိန် ယောက်ျား အ ပေါင်း တို့ သည်၊ သုံး ရက် အ တွင်း၊ န ဝ မ လ နှစ် ဆယ် ရက်၌၊ ယေ ရု ရှ လင် မြို့ သို့ လာ ရောက် စည်း ဝေး ပြီး လျှင်၊ ဗိ မာန် တော် ရှေ့ တံ တိုင်း တွင်၊ ထို အ မှု ကြောင့် လည်း ကောင်း၊ မိုး ရွာ ခြင်း ကြောင့် လည်း ကောင်း၊ တုန် လှုပ် လျက် ထိုင် နေ ကြ စဉ်။


အ မျိုး သား ချင်း တို့ ကို လက် စား မ ချေ၊ အ ညှိုး မ ထား ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။


သင် တို့ သည် အိ ဂျစ် ပြည် တွင် ဝင် နေ သူ အ ဖြစ် နှင့် နေ ခဲ့ ရ ဖူး သည် နှင့် အ ညီ ဝင် နေ သူ့ ကို သင် တို့ တိုင်း ရင်း သား ကဲ့ သို့ မှတ်၍ ကိုယ် နှင့် အ မျှ ချစ် ကြ ရ မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။


၎င်း ပြင် မည် သူ မ ဆို တ ပည့် တော် ဟူ သော အ မည် ကို ထောက်၍ ဤ သူ ငယ် တစ်ဦး တစ် ယောက် ကို ရေ ၕဧ တစ် ခွက် မျှ တိုက် လျှင် အ ကျိုး မ ရ ဘဲ အ လျှင်း မ ရှိ ရ၊ ငါ အ မှန် ဆို သည် ဟူ၍ မိန့် မှာ တော် မူ လိုက်၏။


ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။


နောက် နေ့၌ ဇိ ဒုန် မြို့ တွင် ဆိုက် ကြ သ ဖြင့် ယု လိ သည် အ ဆွေ ခင် ပွန်း တို့ ထံ သွား၍ အ လုပ် အ ကျွေး ခံ ခွင့် ကို ပေါ လု အား ကျေး ဇူး ပြု လေ၏။


ထို အ ခါ ပေါ လု သည် ထင်း တ ပွေ့ ခွေ၍ မီး ပုံ ပေါ် သို့ ထည့် လိုက် သော်၊ မြွေ ဆိုး တစ် ကောင် သည် မီး ပူ၍ ထွက် လာ ပြီး လျှင် သူ့ လက် ကို ခဲ၏။


ပေါ လု လက် မှ ထို အ ကောင် တွဲ လွဲ နေ သည် ကို ကျွန်း သား တို့ မြင် ကြ သော် စင် စစ်၍ သူ သည် လူ သတ် ဖြစ် သည် ပင် လယ် ဘေး မှ လွတ် သော် လည်း အ သက် ချမ်း သာ ရ စေ ရန် သ မာ နတ် ခွင့် မ ပြု ဟု အ ချင်း ချင်း ပြော ဆို ကြ၏။


ငါ သည် ဂ ရိတ် လူ မျိုး နှင့် အ ရိုင်း လူ မျိုး၊ ပ ညာ ရှိ သူ နှင့် မ ရှိ သူ အ ပေါင်း တို့ နှင့် စပ်၍ တာ ဝန် ကြွေး ရှိ သည့် အ လျောက်၊


ယုံ ကြည် ခြင်း အား နည်း သူ့ ကို လက် ခံ ရာ တွင်၊ သူ့ စေ တ နာ ကို အ ပြစ် မ တင် ရ။


စား သူ သည် မ စား သူ့ ကို မ ထီ လေး စား ခြင်း၊ မ စား သူ လည်း စား သူ့ ကို စီ ရင် ခြင်း မ ပြု စေ လင့်။ နှစ် ဦး လုံး ကို ဘု ရား သ ခင် လက် ခံ တော် မူ ပြီ။


ဇာ တိ မ ဖျက်၊ မ ခံ ရ လျက် ပင် ပ ညတ် တ ရား တော် ကို စောင့် ရှောက် သော ထို သူ သည် ကျမ်း ကိုး နှင့် ထို မင်္ဂ လာ ခံ ခဲ့ သော် လည်း ပ ညတ် တ ရား တော် ကို ကျူး လွန် သော သင့် အား စီ ရင် လိမ့် မည် မ ဟုတ် လော။


ပြော ဆို သူ သည် ငါ့ ကို လူ ရိုင်း၊ ငါ လည်း ပြော ဆို သူ ကို လူ ရိုင်း သ ဖွယ် မှတ် လိမ့် မည်။


ကြိုး ပန်း လုပ် ကိုင် ခြင်း၊ အ ကြိမ် ကြိမ် အ အိပ် ဖျက် ခြင်း၊ အ စား အ​သောက် မဲ့ ခြင်း၊ အ ကြိမ် ကြိမ် အ စား ဖျက် ခြင်း၊ ချမ်း အေး ခြင်း၊ အ ဝတ် မဲ့ ခြင်း များ ကို ခံ ရ ၏။


ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ