Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 27:12 - Garrad Bible

12 အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို​ဆိပ်ကမ်း​သည်​လည်း ဆောင်း​ခို​ရန်​မ​သင့်လျော်​သော​ဆိပ်ကမ်း​ဖြစ်​သောကြောင့် အများစု​က ထို​ဆိပ်ကမ်း​မှ​ရွက်လွှင့်​ပြီး ဖြစ်နိုင်​လျှင် အနောက်​တောင်​နှင့် အနောက်​မြောက်​သို့​မျက်နှာမူ​သည့် ကရေတေ​ကျွန်း​၏​ဖိနိတ်​ဆိပ်ကမ်း​သို့ တစ်နည်းနည်း​ဖြင့်​သွား​၍ ဆောင်းခို​မည်​ဟု ဆုံးဖြတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ထို​ဆိပ်ကမ်း​သည် ဆောင်းခို​ရန်​မသင့်လျော်​သဖြင့် ထို​နေရာ​မှ​ခွာ​ကာ ဖြစ်နိုင်​ပါက ဖိနိတ်မြို့​သို့​ရောက်ရှိ​၍ ဖိနိတ်ဆိပ်ကမ်း​တွင် ဆောင်းခို​နိုင်ရန်​အတွက် လူ​အများစု​က အကြံပြုကြ၏။ ထို​ဆိပ်ကမ်း​သည် ကရေတေကျွန်း​ရှိ​ဆိပ်ကမ်း​ဖြစ်ပြီး အနောက်တောင်​နှင့် အနောက်မြောက်​ဘက်​သို့ မျက်နှာမူ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 27:12
8 ပူးပေါင်းရင်းမြစ်များ  

လို ရာ ဆိပ် ကမ်း သို့ ပို့ ဆောင် တော် မူ ၏။


က ရေ တေ ကျွန်း သား များ၊ အာ ရပ် လူ မျိုး များ ဖြစ် သူ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု တော် ကြီး များ အ ကြောင်း ကို ငါ တို့ ဘာ သာ ဖြင့် ဟော ပြော ရာ ကြား နာ ရ ပါ သည် တ ကား ဟု ဆို ကြ ၏။


တောင် လေ ဖြည်း ညှဉ်း စွာ တိုက် သည့် ကာ လ အ ကြံ မြောက် ပြီ ဟု ထင် မှတ် သ ဖြင့် ကျောက် ဆူး နုတ် ပြီး လျှင် က ရေ တေ ကျွန်း နား တစ် လျှောက် တိုက် သွား ကြ၏။


မ စား မ သောက် ရ ဘဲ ကာ လ ရှည် စွာ ရှိ နေ ကြ ပြီး မှ ပေါ လု သည် အ လယ် တွင် ထ ရပ် လျက် အ ချင်း တို့၊ သင် တို့ သည် ငါ့ စ ကား ကို နာ ယူ၍ က ရေ တေ ကျွန်း မှ မ လွှင့် ခဲ့ ကြ လျှင် ဤ သို့ ပျက် စီး ဆုံး ပါး ခြင်း မ ရှိ ခဲ့ လေ။


ရက် ပေါင်း များ စွာ တ ဖြည်း ဖြည်း တိုက် သွား လျက် က နိဒ် မြို့ ရင် ဆိုင် သို့ ခက် ခဲ စွာ ရောက် သော် လေ ပြင်း တိုက်၍ ရှေ့ ရှု မ သွား နိုင် သော ကြောင့် သာ လ မုန် အ ငူ ရင် ဆိုင် က၊ က ရေ တေ ကျွန်း တစ် လျှောက် လေ ခို လျက်၊


ခက် ခဲ စွာ တိုက် သွား ရာ လာ သဲ မြို့ အ နီး ဆိပ် သာ ခေါ် အ ရပ် သို့ ရောက် ကြ၏။


က ရေ တေ ကျွန်း သား တို့ သည် အ စဉ် မု သာ အိုး သား ရဲ ဆိုး ပျင်း ရိ စား ကြူး သူ များ ဖြစ် သည် ဟု ချင်း တို့ ပ ရော ဖက် တစ် ဦး သက် သေ ခံ တိုင်း ဟုတ် မှန်၏။


လို အပ် သော အ ရာ များ ကို စီ မံ စေ ရန် လည်း ကောင်း၊ ငါ မိန့် မှာ ခဲ့ သည် နှင့် အ ညီ အ ပြစ် မဲ့ သူ၊ မိန်း မ တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ ပျော် ကြူး ပြစ်၊ မ လိုက် နာ ပြစ် စွဲ ဆို ချက် လွတ်၍ တ ပည့် ဖြစ် သော သား သ မီး ရှိ သူ တို့ ကို ဥ က္ကဌ အ ဖြစ် မြို့ တိုင်း တွင် ခန့် ထား စေ ရန်လည်း ကောင်း က ရေ တေ ကျွန်း၌ သင့် ကို ငါ ထား ခဲ့ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ