Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 22:3 - Garrad Bible

3 ထို အ ခါ ပေါ လု ပြော ဆို သည် မှာ ငါ သည် ကိ လိ ကိ ပြည်၊ တာ ရှု မြို့ ဇာ တိ၊ ဤ မြို့၌ ကြီး ပွား သူ ဂါ မ လျေ လ ခြေ ရင်း တွင် မိ ရိုး ဖ လာ တ ရား အ တိုင်း အ သေ အ ချာ သင် ကြား ခံ ရ သည် နှင့် အ ညီ၊ ယ နေ့ သင် တို့ ရှိ သ မျှ တို့ နည်း တူ ပင် ဘု ရား သ ခင့် ဘက် တော်၌ စိတ် အား ကြီး သော ယု ဒ လူ မျိုး ဖြစ် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ပေါ​လု​က​ဆက်​လက်​၍ ``အ​ကျွန်ုပ်​သည်​ကိ​လိ​ကိ ပြည်၊ တာ​ရှု​မြို့​တွင်​မွေး​ဖွား​သူ​ယု​ဒ​အ​မျိုး​သား ဖြစ်​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကြီး​ပြင်း​၍​ဘိုး ဘေး​တို့​လိုက်​လျှောက်​ကျင့်​သုံး​သည့်​ပ​ညတ်​တ​ရား တော်​ကို ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌​တိ​ကျ​စွာ ဆည်း​ပူး​ခဲ့​ပါ​၏။ ယ​ခု​သင်​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန်​စိတ်​အား ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း​စိတ် အား​ထက်​သန်​ခဲ့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 “အကျွန်ုပ်​သည် ဆီလီဆီးယား​ပြည်၊ တာရှု​မြို့​၌​မွေးဖွား​ခဲ့​သော ဂျူး​လူမျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့သော် ဤ​မြို့​တွင် ကြီးပြင်း​လာ​၍ ဂါမလျေလ​၏​ခြေရင်း​၌ ဘိုးဘေး​တို့​မှ​ဆက်ခံ​သော ပညတ်​တရား​နှင့်အညီ တင်းကျပ်​စွာ ဆုံးမ​သွန်သင်​ခြင်း​ကို​ခံယူ​ပြီး ယနေ့ သင်​တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အား​ထက်သန်​သကဲ့သို့ အကျွန်ုပ်​သည်​လည်း စိတ်အား​ထက်သန်​ခဲ့​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ပေါလု​က “ကျွန်ုပ်​သည် ဆီလီဆီးယားပြည်​ရှိ တာရှုမြို့​၌ မွေးဖွားသော ဂျူးလူမျိုး​တစ်ဦး​ဖြစ်ပါ၏။ သို့သော် ကျွန်ုပ်​သည် ဤ​ဂျေရုဆလင်မြို့​တွင် ကြီးပြင်း​၍ ဘိုးဘေးတို့​၏​ပညတ်တရား​အတိုင်း ဂါမလျေလ​ထံ၌ တင်းကျပ်​စွာ သင်ယူခဲ့ရသူ​ဖြစ်၏။ ယနေ့ သင်တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အားထက်သန်​သကဲ့သို့ ကျွန်ုပ်​သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 22:3
27 ပူးပေါင်းရင်းမြစ်များ  

ဂိ ဗောင် မြို့ သား တို့ ကား ဣ သ ရေ လ အ မျိုး မ ဟုတ်၊ အာ မော ရိ အ မျိုး အ ကြွင်း အ ကျန် ဖြစ် ကြ၏။ သူ တို့၌ ဣ သ ရေ လ အမျိုး သား တို့ သ စ္စာ က တိ ထား ကြ သော် လည်း၊ ရှော လု မင်း သည် ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ အ ဖို့ စိတ် အား ထက် သန် သည် နှင့် ကွပ် မျက် ရန် ကြံ ရွယ် သ တည်း။ ဒါ ဝိဒ် မင်း သည် ဂိ ဗောင် မြို့ သား တို့ ကို ခေါ် ၍


ပြည် တော် တွင် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သည့် ကာ လ၊ ဧ လိ ရှဲ သည် ဂိ လ ဂါ လ မြို့ သို့ ပြန် ရောက် ပြီး နောက် သူ့ ရှေ့ တွင် ပ ရော ဖက် ဂိုဏ်း သား တို့ ထိုင် နေ ကြ သည် နှင့် ထို ဂိုဏ်း သား တို့ အ ဖို့ ဖျဉ်း အိုး ကြီး ကို တည်၍ ချက် ပြုတ် လော့ ဟု တ ပည့် အား ဆို သော အ ခါ ဂိုဏ်း သား တစ် ယောက် သည်


မာရိ ခေါ် ညီ မ သည် အ ရှင် ဘု ရား၏ ခြေ တော် ရင်း၌ ထိုင်၍ တ ရား တော် ကို ကြား နာ ၏။


သုံး ရက် ကြာ ပြီး နောက် ဗိ မာန် တော့် အ တွင်း ဆ ရာ တော် တို့ ထံ နာ ခံ လျက် မေး မြန်း လျက်၊ အ လယ် တွင် ထိုင် နေ သည် ကို တွေ့ ကြ ၏။


ထို အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည် ယေ ရှု ထံ တော် သို့ ရောက် ရာ နတ် များ ထွက် ခွာ ပြီး သူ သည် အ ဝတ် ဝတ် ဆင် လျက်၊ စိတ် ကောင်း ပြန် လျက်၊ ယေ ရှု ခြေ တော် ရင်း တွင် ထိုင် နေ သည် ကို တွေ့ မြင် သော် ကြောက် ရွံ့ ကြ၏။


ထို နောက် ဗာ န ဗ သည် ရှော လု ကို ရှာ ရန် တာ ရှု မြို့ သို့ သွား၍ တွေ့ သော်၊


တ မန် တော် နှင့် ဥ က္က ဋ္ဌ ဖြစ် သူ ညီ အစ် ကို တို့ က အ န္တိ အုတ် မြို့ မှ စ၍ ရှု ရိ နှင့် ကိ လိ ကိ ပြည် ရှိ လူ မျိုး ခြား တို့ အ နက် ညီ အစ် ကို ဖြစ် သူ တို့ ထံ မေ တ္တာ ပို့၍ ကြား လိုက် သည်။


ရှု ရိ နှင့် ကိ လိ ကိ ပြည် တစ် လျှောက် လျှောက် လျက်၊ အ သင်း တော် တို့ ကို တည် ကြည် စေ ပြီး နောက်၊


ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။


ပေါ လု က ကျွန်ုပ် သည် ကိ လိ ကိ ပြည်၊ ကျော် စော ကိ တ္တိ ရှိ သော တာ ရှု မြို့ သား၊ ယု ဒ လူ မျိုး ဖြစ် ပါ၏။ မြို့ သူ မြို့ သား တို့ အား ပြော ဆို ခွင့် ပေး ပါ ဟု တောင်း သည့် အ တိုင်း အ ခွင့် ရ သော်၊


ထို စာ ကို ဖတ် ပြီး လျှင် မည် သည့် စီ ရင် စု က ပေါ လု ဖြစ် ကြောင်း မေး မြန်း ၍ ကိ လိ ကိ ပြည် က ဖြစ် သည် ကို သိ သည့် ကာ လ၊


လွှတ် တော် အ ရာ ရှိ အ ချို့ မှာ ဇ ဒ္ဒု ကဲ ဂိုဏ်း သား၊ အ ချို့ မှာ ဖာ ရိ ရှဲ အ ဆက် ဂိုဏ်း သား ဖြစ် ကြောင်း ကို သိ မြင် သော်၊ အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ဖာ ရိ ရှဲ အ ဆက် အ နွယ်၊ ဖာ ရိ ရှဲ ဖြစ်၏။ ကျွန်ုပ် တို့ စောင့် မြော် ရာ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ ကျွန်ုပ် စီ ရင် ခံ ရ သည် ဟု ဟစ် သော်၊


သက် သေ ခံ လို လျှင် အ မျိုး ဘာ သာ တွင် အ ကြပ် တည်း ဆုံး သော ဂိုဏ်း နည်း အ လိုက် ဖာ ရိ ရှဲ အ ဖြစ် နေ ခဲ့ ကြောင်း သိ ရင်း ဖြစ် ကြ ပါ သည်။


ကျွန် တော် သည် နာ ဇ ရက် မြို့ သား ယေ ရှု၏ နာ မ နှင့် ဆန့် ကျင် သော အ ရာ များ ကို ပြု သင့် သည် ဟု ကိုယ် တိုင် ထင် မှတ် ခဲ့ သည့် အ တိုင်း၊


ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ ဂုဏ် အ သ ရေ ရှိ ကျမ်း ဆ ရာ ဂါ မ လျေ လ ခေါ် ဖာ ရိ ရှဲ တစ် ဦး သည် လွှတ် တော် တွင် ထ ရပ်၍ တ မန် တော် တို့ ကို ခေ တ္တ ထုတ် ထား စေ ရန် အ မိန့် ရှိ ပြီး လျှင် ပြော ဆို သည် မှာ၊


ထို အ ခါ လူ လွတ် များ ဟု တွင် သော အ သင်း သား တို့ မှ စ၍ ကု ရေ နေ နှင့် အာ လေ ဇ န္ဒြိ ယ မြို့ သား၊ ကိလိ ကိ နှင့် အာ ရှိ ပြည် သား အ ချို့ သည် ထ ရပ်၍ သ တေ ဖန် နှင့် ငြင်း ခုံ ကြ ရာ၊


ရှော လု မူ ကား အ ရှင် ဘု ရား၏ တ ပည့် တော် တို့ အ ပေါ် တွင် ကြိမ်း မောင်း ခြင်း၊ လုပ် ကြံ ခြင်း များ ကို ရှု ရှိုက် သေး သည့် အ လျောက်၊


အ ရှင် ဘု ရား က ထ၍ လမ်း ဖြောင့် ခေါ် ကြား လမ်း သို့ သွား ပြီး လျှင် ယု ဒ အိမ် တွင် တာ ရှု မြို့ သား ရှော လု ကို မေး လော့။


ကဲ သ ရိ မြို့ ရောက် ရှော လု ကို ခေါ် သွား ပြီး လျှင် တာ ရှု မြို့ သို့ လွှတ် လိုက် ကြ၏။


သို့ ဖြစ် လျှင် ဘု ရား သ ခင် သည် လူ မျိုး တော် ကို စွန့် ပစ် တော် မူ သ လော။ ထို သို့ မ ဖြစ် စေ ရာ။ ငါ့ ကိုယ် တိုင် သည် ဣ သ ရေ လ လူ မျိုး၊ အာ ဗြ ဟံ့ အ ဆက်၊ ဗင်္ယာ မိန့် အ နွယ် ဖြစ် ၏။


ထို သူ တို့ သည် ဟေ ဗြဲ လူ မျိုး ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ် ၏။ ဣ သ ရ လ အ မျိုး သား ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ်၏။ အာ ဗြ ဟံ၏ အ ဆက် အ နွယ် ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ် ၏။


မိ ရိုး ဖ လာ ထုံး နည်း များ ကို လိုက် နာ ရန် စိတ် စေ တ နာ ထက် သန် လျက် လူ မျိုး ချင်း တို့ ဘောင် တွင် သက် တူ ရွယ် မျှ အ များ တို့ ထက် ယု ဒ ဘာ သာ၌ အား တက် ခဲ့ ကြောင်း ကို လည်း ကောင်း၊


ထို နောက် ငါ သည် ရှု ရိ နှင့် ကိ လိ ကိ ပြည် သို့ သွား သော အ ခါ၊


မြတ် နိုး တော် မူ သော အ နွယ် များ အ နက် သန့် ရှင်း သူ အ ပေါင်း တို့ သည်၊ လက် တော် အောက် တွင် မြဲ လျက်၊ ခြေ တော် ရင်း တွင် ခ စား လျက်၊ ဗျာ ဒိတ် တော် ကို နာ ခံ လျက် ရှိ ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ