Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 2:32 - Garrad Bible

32 ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 2:32
24 ပူးပေါင်းရင်းမြစ်များ  

သင်တို့လည်း အစကပင်ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြ၏။


သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊


သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ၍၊


သင် တို့ ကား တင်၍ သတ် ကြ ရာ သေ ခြင်း ဖြင့် အ ချည် အ နှောင် မ ခံ ရ သည် နှင့် အ ညီ ဘု ရား သ ခင် သည် သေ ခြင်း ဝေ ဒ နာ ငြိမ်း စေ လျက် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီ။


သန့် ရှင်း ဖြောင့် မတ် သော အ ရှင် ကို ငြင်း ဆို၍ အ သက် ပိုင် ရှင် ကို အ သေ သတ် ကြ ရာ ငါ တို့ သက် သေ ခံ သည့် အ တိုင်း ဘု ရား သ ခင် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ၏။


ဘု ရား သ ခင် သည် ကျွန် တော် ရင်း ကို ပေါ် ထွန်း စေ တော် မူ ပြီး လျှင် ဆိုး သွမ်း ရာ မှ လူ တိုင်း ပြောင်း လဲ သ ဖြင့် ကောင်း ချီး မင်္ဂ လာ ခံ ရ စေ ခြင်း ငှါ သင် တို့ ထံ ဦး စွာ စေ လွှတ် တော် မူ သည် ဟု ဆို လေ ၏။


သင် တို့ ရှိ သ မျှ နှင့် ဣ သ ရေ လ တစ် မျိုး လုံး သိ စေ လို သည် မှာ သင် တို့ ကား တင် ကြ ရာ သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် အား ဖြင့် သင် တို့ ရှေ့ ဤ သူ သန် မာ လျက် ရပ် နေ ၏။


တ မန် တော် တို့ လည်း အ ရှင် ယေ ရှု၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း အ ကြောင်း ကို ရဲ စွမ်း သော အာ ဏာ နှင့် သက် သေ ခံ ကြ သည့် ပြင် ရှိ သ မျှ တို့ အ ပေါ် တွင် ကြီး စွာ သော ကျေး ဇူး တော် တည် ၏။


သင် တို့ ကား တင်၍ ကွပ် မျက် သော ယေ ရှု ကို ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီး လျှင်၊


၄င်း ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ သည် မှန် က ခ ရစ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မ မူ သော် လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ဘု ရား သ ခင် နှင့် ဆန့် ကျင် ကြား ပြော ကြ သည့် အ လျောက် ငါ တို့ သည် ဘု ရား သ ခင့် အ ကြောင်း မု သာ သက် သေ ထင် ရှား ရာ ရောက် ကြ လေ ပြီ။


အ ရှင် ဘု ရား ကို ရှင် ပြန် ထ မြောက် စေ တော် မူ ခဲ့ သော ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် ငါ တို့ ကို လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ဦး မည်။


လူ တို့ ထံ မှ မ ဟုတ်၊ လူ ဖြင့် မ ဟုတ်၊ ယေ ရှု ခ ရစ် ဖြင့် လည်း ကောင်း၊ ကိုယ် တော် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော ခ မည်း တော် ဘု ရား သ ခင် ဖြင့် လည်း ကောင်း၊


ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။


ငါ တို့ အ ရှင် ယေ ရှု တည်း ဟူ သော မ ဟာ သိုး ထိန်း တော် ကို ထာ ဝ ရ ပ ဋိ ညာဉ် တော်၏ အ သွေး တော် အား ဖြင့် သူ သေ တို့ အ ထဲ မှ ဆောင် ခဲ့ တော် မူ သော ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည်


သင် တို့ သည် သူ သေ တို့ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ၍ ဘုန်း ပွင့် စေ တော် မူ သော ဘု ရား သ ခင် အား ယုံ ကြည် ကြ သည့် အ လျောက် သင် တို့ ယုံ ကြည် ခြင်း နှင့် မျှော် လင့် ခြင်း လည်း ဘု ရား သ ခင် နှင့် ဆိုင် သ တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ