တမန်တော်ဝတ္ထု 2:14 - Garrad Bible14 ထို အ ခါ ပေ တ ရု သည် တစ် ဆယ့် တစ် ပါး တို့ နှင့် ရပ် လျက် အ သံ ကျယ် စွာ ဟော ပြော သည် မှာ အ ချင်း ယု ဒ ပြည် သား ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ စ ကား ကို နာ ခံ၍ ဤ အ ကြောင်း ကို သိ မှတ် ကြ လော့။ အခန်းကိုကြည့်ပါ။Common Language Bible14 ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။- အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့် ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထို့နောက် ပေတရုသည် တမန်တော်ဆယ့်တစ်ပါးတို့နှင့်အတူ ရပ်လျက် လူထုပရိသတ်တို့အား ဟစ်အော်၍ ဟောပြောသည်မှာ “အို ယုဒပြည်သားများနှင့် ဂျေရုဆလင်မြို့သားတို့… ငါ့စကားကို သေချာစွာ နားထောင်ကြလော့။ ဤအရာများကို သင်တို့အား ရှင်းပြပါရစေ။ အခန်းကိုကြည့်ပါ။ |
အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ကူ ညီ ကြ ပါ။ ဤ သူ ကား အ ပြည် ပြည် ရှိ လူ ခပ် သိမ်း တို့ အား လူ မျိုး တော်၊ ပ ညတ် တ ရား တော်၊ ဤ ဌာ န တော် များ ကို ဆန့် ကျင် ဘက် သင် ကြား သူ ဖြစ် လျက် ဗိ မာန် တော် အ တွင်း ဂ ရိတ် လူ မျိုး တို့ ကို ခေါ် သွင်း သ ဖြင့် ဤ သန့် ရှင်း သော ဌာ န တော် ကို မ သန့် ရာ ရောက် စေ ပြီ တ ကား ဟု အော် ဟစ် ကြ ၏။