Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 17:18 - Garrad Bible

18 ဧ ပိ ကု ရန် နှင့် သ တော အိတ် ခေါ် သင်္ဂြိုဟ် တတ် တို့ သည် သူ နှင့် ဆိုင် ပြိုင်၍ အ ချို့ က ဤ စ ကား အိုး ကား မည် သို့ ပြော ဆို လို သ နည်း ဟူ၍ လည်း ကောင်း၊ ယေ ရှု အ ကြောင်း နှင့် ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း ပေါ လု ဟော ပြော သော ကြောင့်၊ အ ချို့ က ထူး ခြား သော နတ် များ ကို ရည် လျက် ဖော် ပြ ဟန် ရှိ သည် ဟူ၍ လည်း ကောင်း ပြော ဆို ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဧပိကုရု​၏​တပည့်များ​နှင့် သတောအိတ်​အတွေးခေါ်​ပညာရှင် တချို့​သည်လည်း သူ​နှင့်အတူ အချေအတင်​ငြင်းခုံဆွေးနွေးကြ၏။ တချို့​က “ဤ​စကားအိုး​သည် မည်သည့်အရာ​ကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြား​သူတို့​ကလည်း “သူ​သည် တိုင်းတစ်ပါး နတ်ဘုရားများ​အကြောင်း​ကို ပြောပြနေဟန်​ရှိ၏” ဟု ဆိုကြ၏။ ဤသို့​ပြောဆိုခြင်း​မှာ ပေါလု​သည် ယေရှု​အကြောင်း​နှင့် သေရာ​မှ​ပြန်ရှင်ခြင်း​အကြောင်းတို့​ကို ဟောပြောနေ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 17:18
16 ပူးပေါင်းရင်းမြစ်များ  

မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။


ကိုယ်၌ ဉာဏ် ရှိ သည် ဟု ထင် သော သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက်၊ မိုက် မဲ သော သူ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။


တ ပည့် တော် တို့ ရှိ ရာ သို့ ရောက် သော် ဝန်း ရံ သော လူ ပ ရိတ် သတ် ကြီး နှင့် ဆွေး နွေး မေး မြန်း သော ကျမ်း တတ် ဆ ရာ တို့ ကို မြင် ကြ၏။


ထို အ ရပ် မှ ထွက် ကြွ တော် မူ သော် ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို ကြီး စွာ ရန် ငြိုး ဖွဲ့ သ ဖြင့် နှုတ် တော် ထွက် စ ကား ကို ဖမ်း မိ ရန် စောင့် စား လျက် အ မျိုး မျိုး မေး မြန်း ကြ ၏။


လွှတ် တော် မှ ထွက် သွား ပြီး လျှင် ဗိ မာန် တော် ၌ လည်း ကောင်း၊ ကိုယ့် အိမ်၌ လည်း ကောင်း၊ ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း နေ့ စဉ် မ ပြတ် သွန် သင် ဟော ပြော လျက် နေ ကြ၏။


ထို အ ခါ လူ လွတ် များ ဟု တွင် သော အ သင်း သား တို့ မှ စ၍ ကု ရေ နေ နှင့် အာ လေ ဇ န္ဒြိ ယ မြို့ သား၊ ကိလိ ကိ နှင့် အာ ရှိ ပြည် သား အ ချို့ သည် ထ ရပ်၍ သ တေ ဖန် နှင့် ငြင်း ခုံ ကြ ရာ၊


ပ ညာ ရှိ သည် ဟု ကိုယ် ကို ဂုဏ် တင် လျက် လူ မိုက် အ ဖြစ် ရောက်၍၊


မည် သူ မျှ ကိုယ် ကို မ လှည့် ဖြား စေ နှင့်။ ဘု ရား သ ခင့် ရှေ့ တော်၌ လော ကီ ပ ညာ သည် အ မိုက် ဖြစ် သော ကြောင့် မည် သူ မ ဆို ယ ခု ကာ လ ဆိုင် ရာ ပ ညာ ရှိ သည် ဟု ထင် မှတ် လျှင် ပ ညာ မှန် ရှိ စေ ရန် လူ မိုက် ဖြစ် ပါ စေ။ အ သို့ ဆို သော် ကိုယ် တော် သည် ပ ညာ ရှိ တို့ ကို ကိုယ့် စဉ်း လဲ ခြင်း အား ဖြင့် ဖမ်း ဆီး တော် မူ သည် ဟူ၍လည်းကောင်း၊ ပ ညာ ရှိ တို့ အ ကြံ အ စည် များ သည်၊


ငါ တို့ သည် ခ ရစ် တော့် အ တွက် လူ မိုက်၊ သင် တို့ သည် ခ ရစ် တော် အား ဖြင့် ပ ညာ ရှိ၊ ငါ တို့ သည် အား နည်း သူ၊ သင် တို့ သည် အား ကြီး သူ၊ ငါ တို့ သည် အ သ ရေ မဲ့ သူ၊ သင် တို့ သည် အ သ ရေ ရှိ သူ များ ဖြစ် ကြ ပြီ တ ကား။


ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ