Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 13:34 - Garrad Bible

34 သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ ပြီး လျှင် နောင် ပုပ် ပျက် ရာ သို့ မ ရောက် ရ မည် ကို ထောက်၍ ဒါ ဝိဒ် ခံ ရာ မြဲ မြံ သော မင်္ဂ လာ တော် များ ကို သင် တို့ အား ငါ ပေး မည် ဟူ၍ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34-35 နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊ `ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊ သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်' ဟူ​၍​မိန့်​တော်​မူ​သည်။ အ​ခြား​ဆာ​လံ​တွင်၊ `ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကို သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်' ဟု​ပါ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ယ​နေ့​ပင် သင့်​ကို​ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ ငါ​တို့​ဘိုး​ဘေး များ၌​ရှိ​သော က​တိ​တော်​ကို ထို​သူ​တို့၏ သား​ဖြစ်​သော​ငါ​တို့​အား​ပြည့်​စုံ​စေ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒါ​ဝိဒ်၌​မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား ငါ​ပေး​မည်​ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ၍၊ နောက်​တစ်​ဖန် ပုပ်​စပ်​ခြင်း​သို့ မ​ပြန်​ဘဲ အ​စဉ်​ကင်း​လွတ်​ရ​မည်​အ​ခွင့်​ကို ပေး​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ​သ​တင်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ပြီး နောက်တစ်ဖန် ပုပ်ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အကြောင်း​နှင့်ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် ဒါဝိဒ်​အား​ပေး​ထား​သည့် သန့်ရှင်း​၍​ယုံကြည်​ထိုက်​သော​ကောင်းချီး​ကို သင်​တို့​အား​ပေး​မည်’​ဟု မိန့်​တော်မူ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 သားတော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​ပြီး ပုပ်ပျက်ခြင်း​သို့ ထပ်မံ​မရောက်စေမည့်​အကြောင်း​နှင့် ပတ်သက်၍ ဘုရားသခင်​က ‘ဒါဝိဒ်​အား ပေးတော်မူသည့် မြင့်မြတ်​၍ ယုံကြည်ထိုက်သော​ကောင်းချီးများ​ကို သင်တို့​အား ငါ​ပေးမည်’ ဟူ၍ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 13:34
18 ပူးပေါင်းရင်းမြစ်များ  

ဘု ရား သ ခင့် ရှေ့ ထို သို့ ပင် မ ဟုတ် လော။ သေ ချာ စွာ စီ မံ၍ စောင့် ရှောက် တော် မူ အံ့ သော ထာ ဝ ရ ပ ဋိ ညာဉ် ကို ငါ နှင့် ဖွဲ့ တော် မူ ပြီ။ အောင် မြင် ခွင့် မှ စ၍ ငါ လို သ မျှ ကို ဖြစ် ပွား စေ တော် မူ ပြီ မ ဟုတ် လော။


နား စိုက် လျက် တိုး ဝင် ကြ လော့။ နား ထောင် လျှင် အ သက် တည် ခွင့် ရ ကြ လိမ့် မည်။ ငါ သည် ဒါ ဝိဒ် နှင့် ဖွဲ့ ခဲ့ သော အ မြဲ မေ တ္တာ ကျေးဇူး ပ ဋိ ညာဉ် ကို၊ သင် တို့ နှင့် ဖွဲ့ ဦး မည်။


ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ၏ အ မှု နှင့်၊ ငါ ပေါ် ထွန်း စေ မည့် ကိုယ့် ဘု ရင် ဒါ ဝိဒ် ၏ အ မှု ကို သာ ထမ်း ရ ကြ လိမ့် မည်။


ယာ ကုပ် အ ဆက် အ နွယ် ကို စွန့် ပယ်၍၊ အာ ဗြ ဟံ၊ ဣဇာက် နှင့် ယာ ကုပ် အ ဆက် အ နွယ် တို့ အ ပေါ် တွင် မင်း မြှောက် ရန် မ ရွေး ကောက် ဘဲ၊ ကျွန် တော် ရင်း ဒါ ဝိဒ် ၏ အ ဆက် အ နွယ် ကို စွန့် ပယ် မည်။ မု ချ ဆို သော်၊ သုံ့ ပန်း ခံ ရာ ထို သူ တို့ ကို ပြန် လာ စေ လျက်၊ က ရု ဏာ သက် မည် ဟူ ၍ တည်း။


ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် ကိုယ့် ဘု ရင် ဒါ ဝိဒ် မင်း ကို ရှာ ဖွေ ပြန် လာ လျက်၊ ဆု ကျေး ဇူး တော် နှင့် ပြည့် စုံ သော ထာ ဝ ရ ဘု ရား ထံ၊ နောင် ကာ လ ရို သေ စွာ ချဉ်း ကပ် ကြ လ တ္တံ့။


ထို ကာ လ၊ ဧ ဒုံ လူ မျိုး အ ကြွင်း အ ကျန် တို့ မှ စ၍၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ပြည် တောင် များ ကို အ ပိုင် ပေး အံ့ သော ငှာ၊ ငါ သည် ဒါ ဝိဒ် မင်း၏ ပြို လဲ ခဲ့ သော တဲ ကို ထူ စိုက် လျက်၊ ရှေး ကာ လ ကဲ့ သို့၊ မြို့ ပျက် ကို ပြု စု ပြင် ဆင်၍၊ အ ပေါက် အ ကွဲ များ ကို ထေး ဖာ မည် ဟု၊ ထို သို့ စီ ရင် သော ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။


ယေ ရု ရှ လင် မြို့ သား တို့ ကို ကွယ် ကာ မည် ဖြစ်၍၊ နုန့် နဲ့ သူ တို့ သည် ဒါ ဝိဒ် မင်း ကဲ့ သို့ လည်း ကောင်း၊ ဒါ ဝိဒ် မင်း မျိုး သည် ဘု ရား သ ခင် ကဲ့ သို့၊ ဦး တည် သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ လ တ္တံ့။


သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ၍၊


ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင် မူ ကား ပုပ် ပျက် ခြင်း နှင့် မ ကြုံ ကြိုက် ရ၊


သင် တို့ ကား တင်၍ သတ် ကြ ရာ သေ ခြင်း ဖြင့် အ ချည် အ နှောင် မ ခံ ရ သည် နှင့် အ ညီ ဘု ရား သ ခင် သည် သေ ခြင်း ဝေ ဒ နာ ငြိမ်း စေ လျက် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ