တမန်တော်ဝတ္ထု 13:11 - Garrad Bible11 ယ ခု ပင် ထာ ဝ ရ ဘု ရား၏ လက် တော် တင် ဖိ သ ဖြင့် သင် သည် ကာ လ အ တန် ကြာ နေ ကို မျှ မ မြင် နိုင် အောင် ကန်း ရ လိမ့် မည် ဟု ဆို လျှင် ဆို ချင်း မျက် စိ မှိန်၍ အ လင်း ကွယ် သ ဖြင့် ဆွဲ ပို့ မည့် သူ ကို တ လည် လည် ရှာ ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။- အခန်းကိုကြည့်ပါ။Judson Bible11 ယခုပင် ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန်ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏချင်းတွင် မျက်စိမြှေးယှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ယခု နားထောင်လော့။ ထာဝရဘုရား၏လက်တော်သည် သင့်ကို ဒဏ်ခတ်၍ သင်သည် အချိန်တစ်ခုကြာသည်အထိ မျက်စိကွယ်လျက် နေကိုမမြင်ရဘဲနေလိမ့်မည်” ဟု ဆို၏။ ချက်ချင်းပင် သူသည် အမြင်မှုန်ဝါးလာ၍ မှောင်မိုက်သွားသဖြင့် လက်တွဲခေါ်မည့်သူကို ရှာလျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ဖိ လိ တ္တိ မင်း အ ပေါင်း တို့ လာ ရောက် စု ရုံး စေ ပြီး လျှင် ငါ တို့ မှ စ၍ အ မျိုး သား ချင်း တို့ မ သေ စေ ရန် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင့် သေ တ္တာ တော် ကို နေ ရင်း ဌာ န သို့ ပြန် ၍ ပို့ လိုက် ကြ ပါ ဟု တောင်း ပန် ကြ၏။ အ သို့ ဆို သော်၊ ဘု ရား သ ခင် သည် လေး လံ သော လက် တော် တင် ဖိ ခြင်း ဖြင့် တစ် မြို့ လုံး တွင် ထိတ် လန့် ဖွယ် သေ ဘေး သင့် ရောက် စေ တော် မူ သည့် ပြင်