Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 13:10 - Garrad Bible

10 ထို သူ့ ကို စိုက် ကြည့် ပြီး လျှင် လိမ် လည် စဉ်း လဲ ခြင်း အ မျိုး မျိုး နှင့် ပြည့် လျက် ဖြောင့် မတ် ခြင်း ခပ် သိမ်း ကို ရန် မူ သူ အ ချင်း မာရ် နတ်၏ သား၊ ထာ ဝ ရ ဘု ရား၏ လမ်း ဖြောင့် များ ကို မ ရပ် မ စဲ ကောက် စေ မည် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 “အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 “အို လှည့်စားမှု​အပေါင်း၊ ဆိုးသွမ်းမှု​အပေါင်း​နှင့် ပြည့်သော​မာရ်နတ်​၏​သား… ဖြောင့်မတ်ခြင်း​အပေါင်းတို့​၏​ရန်သူ… သင်​သည် ထာဝရဘုရား​၏​ဖြောင့်ဖြူးသော​လမ်းတော်​တို့​ကို ကောက်ကွေ့​အောင် ပြုလုပ်နေခြင်း​မှ မရပ်တန့်ဘဲ​မနေနိုင်သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 13:10
23 ပူးပေါင်းရင်းမြစ်များ  

ငါ ဘု ရား က တိ ထား သည့် အ တိုင်း အာ ဗြ ဟံ့ အ ပေါ် သက် ရောက် ခွင့် ရှိ စေ ရန် ငါ ဘု ရား၏ နည်း လမ်း ကို နောက် သား နောင် လာ အိမ် သူ အိမ် သား တို့ စောင့် ရှောက်၍ တ ရား သ ဖြင့် ဖြောင့် မှန် စွာ ဆောင် ရွက် ကြ ရ မည့် အ ကြောင်း ပ ညတ် ထား စေ ခြင်း ငှာ ထို သူ့ ကို ငါရွေး ကောက် ပြီ ဟု မြွက် ဆို တော် မူ ၏။


သင် နှင့် ထို မိန်း မ ကို လည်း ကောင်း၊ သင်၏ အ မျိုး အ နွယ် နှင့် မိန်း မ၏ အ မျိုး အ နွယ် ကို လည်း ကောင်း၊ ငါ သည် ရန် ငြိုး ဖွဲ့ စေ မည်။ သူ သည် သင့် ဦး​ ခေါင်း ကို ပေါက် လိမ့် မည်၊ သင် လည်း သူ ဖ နောင့် ကို ပေါက် လိမ့် မည် ဟု မိန့် တော် မူ ၏။


ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ကို စိတ် အား ထက် သန် လျက်၊ ယု ဒ ပြည် ရှိ မြင့် ရာ ဌာ န နှင့် တံ ခွန် တိုင် များ ကို ပယ် ရှား ၏။


နေ အောက် တွင် သင့် ရောက် သော ဘေး ဟူ မူ ကား၊ လူ ရှိ သ မျှ၌ ထို သို့ သော အ ဖြစ် အ ပျက် တစ် မျိုး တည်း ဖြစ် သ တည်း။ ၎င်း ပြင် လူ့ သား တို့ သည်၊ စိတ် နှ လုံး ဆိုး သွမ်း ခြင်း နှင့် ပြည့် သည့် အ တိုင်း၊ အ သက် ရှင် စဉ် တွင် ရူး သွပ် သော သ ဘော ရှိ၏။ ထို့ နောက် သေ ဆုံး ရ ကြ၏။


ဤ အ ချက် များ ကို သိ မြင် နား လည် နိုင် ရန်။ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ရှိ သူ ကား။ မည် သူ နည်း။ ထာ ဝ ရ ဘု ရား၏ ညီ ညွတ် သော လမ်း တော်၌။ ဖြောင့် မတ် သူ တို့ လိုက် ရှောက် နိုင် ကြ သော် လည်း။ မ သူ တော် တို့ မှာ တိုက် လဲ ကြ ရ လ တံ့။


အ ခင်း မှာ ဤ လော က ဖြစ်၏။ မျိုး ကောင်း မှာ နိုင် ငံ တော် သား များ ဖြစ်၏။ ဂျုံ ရိုင်း မျိုး မူ ကား မာရ် နတ်၏ သား သ မီး များ ဖြစ်၏။


မ ကောင်း ကြံ စည် ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ မ တ ရား မေ ထုန် ပြု ခြင်း၊ သူ့ ဥစ္စာ ကို ခိုး ခြင်း၊ မု သာ သက် သေ ခံ ခြင်း၊ ကုန်း ချော ခြင်း များ သည် စိတ် နှ လုံး မှ ထွက် လာ၍၊


သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ကောင်း ကင် နိုင် ငံ တော် ကို လူ တို့ ရှေ့ ပိတ် ထား သော သင် တို့ သည် ကိုယ် တိုင် မ ဝင်၊ ၀င် သူ တို့ ကို လည်း ဝင် ခွင့် မ ပေး ကြ။


ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။


အ ရှင် ဘု ရား က ဖာ ရိ ရှဲ ဖြစ် သော သင် တို့ သည် ယ ခု အ ခါ အိုး ခွက် ပြင် ဘက် ကို စင် ကြယ် စေ သော် လည်း၊ အ တွင်း သ ဘော မူ ကား အ ဓ မ္မ မှု လွန် ကျူး မှု များ နှင့် ပြည့်၏။


အ ချင်း ကျမ်း တတ် တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ အ သိ ပ ညာ ဆိုင် ရာ သော့ ကို ယူ သွား သော သင် တို့ သည် ကိုယ် တိုင် မ ဝင်။ ဝင် သူ တို့ ကို လည်း ကန့် ကွက် ကြ သည် တ ကား ဟု မိန့် တော် မူ၏။


ယောဟန်က၊ ငါကား ပရောဖက်ဟေရှာယဆင့်ဆိုချက်အရ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ညီညွတ်စေကြလော့ဟူ၍ သဲတော၌ကြွေးကြော်သူ၏စကားသံတည်းဟုပြန်ဆို၏။


သင်တို့သည် ကိုယ့်အဘမာရ်နတ်မှဖြစ်ပွားကြသဖြင့် အဘ၏တတ်မက်ခြင်းအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင်သူသတ်ဖြစ်သည့်ပြင် ဟုတ်မှန်ခြင်းကင်းသောကြောင့် သမ္မာတရား၌မတည်။ မုသာသုံးလျက် မုသာအဘရင်းဖြစ်သည့်အလျောက်၊ မုသာပြောဆိုသောအခါ ကိုယ့်ဆိုင်ရာကိုသာပြောဆို၏။


သင် တို့ အ နက် လည်း တ ပည့် တော် တို့ ကို မိ မိ တို့ နောက် ဆုတ် လိုက် စေ ရန် လိမ် လည် ဟော ပြော သူ များ ပေါ် ထွက် မည် ကို ငါ သိ ၏။


တစ် ပါး သ တင်း တော် မ ဟုတ် သော် လည်း သင် တို့ စိတ် ကို မွှေ နှောက်၍ ခ ရစ် တော်၏ သ တင်း တော် မြတ် ကို မှောက် လှန် လို သူ ဆ ရာ များ ရှိ သေး စွ တ ကား။


သို့ မှ ငါ တို့ သည် လူ တို့ လှည့် စား ခြင်း၊ မိ စ္ဆာ ဒိ ဌိ ကြံ စည် ရာ စဉ်း လဲ ခြင်း ဖြင့် ရှိ သ မျှ သော သြ ဝါ ဒ လေ ဝှေ့ တိုက် ရာ ပါ သွား သော သူ ငယ် များ မ ဖြစ် ဘဲ၊


လူ့ အ သံ နှင့် ပြော ဆို ခွင့် ရ သော မြည်း အ သည် ပ ရော ဖက်၏ ရူး သွပ် မှု ကို ကန့် ကွက် သည့် အ လျောက် လွန် ကျူး ခြင်း ကြောင့် ဆုံး မ ခံ ရ သော ဗာ လမ်၊ မ တ ရား ခြင်း ဆိုင် ရာ အ ခ ကို နှစ် သက် သော ဗော ရ သား ဗာ လမ်၏ လမ်း ကို လျှောက် လိုက် ၍ လမ်း မှန် ကို စွန့် ပစ် လေ လွင့် သူ များ ဖြစ် သည့် ပြင်၊


အ ပြစ် ပြု ကျင့် သူ သည် အ စ အ ဦး က ပြစ် မှား လေ့ ရှိ သော မာရ် နတ် ဘက် သား ဖြစ်၏။ မာရ် နတ်၏ အ မှု အ ရာ များ ကို ဖြို ဖျက် ရန် ဘု ရား သ ခင့် သား တော် ထင် ရှား တော် မူ ခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ