တမန်တော်ဝတ္ထု 1:3 - Garrad Bible3 အို သော် ဖိ လု မင်း၊ စီ ရင် ရာ ခံ ပြီး နောက် ယေ ရှု သည် ရက် ပေါင်း လေး ဆယ် အ တွင်း တ မန် တော် တို့ အား ထင် ရှား လျက် ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် ဆိုင် သော အ ကြောင်း အ ရာ များ ကို ဟော ပြော လျက် သက် သေ နိ မိတ် အ များ ဖြင့် အ သက် ရှင် ကြောင်း ဖော် ပြ တော် မူ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Common Language Bible3 ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible3 အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ နှင့် အ ညီ၊ နေ့ ချိန်း ချက် ပြီး သော်၊ ပေါ လု တည်း ခို ရာ အိမ် သို့ အ များ တို့ လာ ရောက် ကြ ရာ၊ ပေါ လု သည် နံ နက် အ ချိန် မှ ည နေ အ ချိန် တိုင် မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ကိုး၍ ဘု ရား သ ခင့် နိုင် ငံ တော့် အ ကြောင်း သက် သေ ခံ လျက်၊ ယေ ရှု အ ကြောင်း သ ဘော ကျ စေ ရန် ဘော် ပြ ရာ၊
သင် တို့ ကို ပယ် ရှား ရန်၊ ထာ ဝ ရ ဘု ရား ထား တော် မူ သော အ မျက် ဒေါ သ ကို ကြောက် ရွံ့၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု လျက် ပြစ် မှား သ မျှ သော သင် တို့ အ ပြစ် အ တွက်၊ အ ထက် နည်း တူ၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး၊ ထာ ဝ ရ ဘု ရား ရှေ့ ပျပ် ဝပ် လျက် နေ ရာ၊ ထို ကာ လ၌ ပင် နား ညောင်း တော် မူ ၏။
ထင် ရှား ပြီး သော အ သက် တော်၊ ခ မည်း တော် အ ပါး တွင် တည် လျက် ငါ တို့ အား ထင် ရှား ပြီး ထာ ဝ ရ အ သက် တော် ကို ငါ တို့ မြင် ရ လျက် သင် တို့ အား သက် သေ ခံ၍ ကြား ပြော သည့် အ တိုင်း အ သက် တော် တည်း ဟူ သော နှုတ် က ပတ် တော် နှင့် စပ် လျဉ်း ၍ အ စ အ ဦး က ပင် တည် ရာ ကိုယ် တိုင် တို့ ကြား ရ လျက်၊ ဒိ ဋ္ဌ မြင် ခဲ့ ရာ၊ သိ မြင်၍ ကိုယ့် လက် နှင့် စမ်း သပ် ခဲ့ ရာ အ ရေး၊