Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:4 - Garrad Bible

4 သူ တို့ နှင့် အ တူ စား တော် ခေါ် စဉ် ငါ ကြား ပြော ဖူး သော ခ မည်း တော် က တိ ထား တော် မူ ရာ ကို စောင့် မျှော် လျက်၊ ယေ ရု ရှ လင် မြို့ မှ မ ထွက် မ သွား ဘဲ နေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို့နောက် အတူတကွ​စုရုံး​နေ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​အား“ဂျေရုဆလင်​မြို့​မှ ထွက်ခွာ​မ​သွား​ဘဲ ငါ့​ထံမှ သင်​တို့​ကြား​ရ​သော ခမည်းတော်​၏​ကတိ​တော်​ကို စောင့်​နေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထိုသို့ တမန်တော်တို့​နှင့်အတူ ရှိတော်မူ​စဉ် ယေရှု​က “ဂျေရုဆလင်မြို့​မှ မထွက်ခွာဘဲ ခမည်းတော်​၏​ကတိတော်​ကို စောင့်မျှော်ကြလော့။ ထို​ကတိတော်​အကြောင်း​ကို ယခင်က သင်တို့​အား ငါ​ဟောပြောခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:4
14 ပူးပေါင်းရင်းမြစ်များ  

၎င်း ပြင် ငါ့ ခ မည်း တော် က တိ ထား တော် မူ ရာ ကို သင် တို့ ထံ ငါ စေ လွှတ် လိုက် မည် ဖြစ်၍ အ ထက် မှ တန် ခိုး နှင့် အ ခြုံ မ ခံ ရ မီ ဤ မြို့ တွင် နေ ကြ လော့ ဟု မိန့် တော် မူ ၏။


ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။


ခမည်းတော့်ထံမှ သင်တို့ထံငါစေလွှတ်သည့်အတိုင်း ခမည်းတော့်ထံမှထွက်လာမည့် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်ကြွရောက်သော် ငါ့အကြောင်းကိုသက်သေခံတော်မူလိမ့်မည်။


၎င်း ပြင် ဘု ရား သ ခင်၏ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် ခံ ရ၍ က တိ ထား တော် မူ ခဲ့ သည့် သန့် ရှင်း သော ဝိညာဉ် တော် ကို ခ မည်း တော့် ထံ ခံ ရ သ ဖြင့် သင် တို့ ယ ခု ကြား မြင် သ မျှ ကို သွန်း လောင်း တော် မူ ပြီ။


ယေရှု၌ဘုန်းထင်ရှားတော်မမူသေးသောကြောင့် ဝိညာဉ်တော်ဆုကျေးဇူးကိုမခံကြရ သေးသည့်အလျောက် ကိုယ်တော်ကိုယုံကြည်သူတို့ရမည့်ဝိညာဉ်တော်ကိုရည်ဆောင်၍ ထိုသို့မိန့်တော်မူသတည်း။


တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြလော့။


ဆို သင့် သည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် သန့် ရှင်း သော ဝိ ညာဉ် တော် သွန် သင် တော် မူ လိမ့် မည် ဟု မိန့် တော် မူ၏။


သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား သန့် ရှင်း သော ဝိ ညာဉ် တော် ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော ဟု မိန့် တော် မူ၏။


ဆို သူ မှာ သင် တို့ မ ဟုတ်။ သင် တို့ အ တွင်း၌ မိန့် တော် မူ သော သင် တို့ အ ဘ၏ ဝိ ညာဉ် တော် တည်း။


နှစ် ရက် ဖြစ် စေ၊ တစ် လ ဖြစ် စေ၊ တစ် နှစ် ဖြစ် စေ၊ စံ ရာ တော် အ ထက် တိမ် တိုက် ဆိုင်း လင့် တည် နေ လျှင် ဣ သ ရေ လ အ မျိုး သား တို့ သည် မ ချီ ဘဲ စွဲ ရပ် လျက် တက် မှ သာ ချီ သွား ကြ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ