၂ ရာချုပ် 9:23 - Common Language Bible23 သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 နှ လုံး တွင် ဘု ရား သ ခင် သွင်း ပေး တော် မူ သော ဉာဏ် ပ ညာ ကို နာ ယူ ရန် မြေ တစ် ပြင် လုံး ရှိ ဘု ရင် မင်း အ ပေါင်း တို့ အ ဖူး အ မြော် လင့် ကြ ရာ အခန်းကိုကြည့်ပါ။Judson Bible23 ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှာ၊ မျက်နှာတော်ကို ဖူးလာကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 မြေတစ်ပြင်လုံးရှိရှင်ဘုရင်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-