၂ ရာချုပ် 9:23 - မြန်မာ့စံမီသမ္မာကျမ်း23 မြေတစ်ပြင်လုံးရှိရှင်ဘုရင်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 နှ လုံး တွင် ဘု ရား သ ခင် သွင်း ပေး တော် မူ သော ဉာဏ် ပ ညာ ကို နာ ယူ ရန် မြေ တစ် ပြင် လုံး ရှိ ဘု ရင် မင်း အ ပေါင်း တို့ အ ဖူး အ မြော် လင့် ကြ ရာ အခန်းကိုကြည့်ပါ။Judson Bible23 ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှာ၊ မျက်နှာတော်ကို ဖူးလာကြ၏။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။