Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 6:16 - Common Language Bible

16 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သို့ ဖြစ်၍ အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ငါ့ မျက် မှောက် တွင် သင် လိုက် လျှောက် သည့် အ တိုင်း သား မြေး တို့ လည်း ငါ့ ပ ညတ် တ ရား၌ လိုက် လျှောက် ရာ လမ်း ကို သ တိ ပြု ကြ လျှင် ငါ့ ရှေ့ ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု ကျွန် တော် ရင်း ခ မည်း တော် ဒါ ဝိဒ် မင်း အား ထား ခဲ့ သော သ စ္စာ တော် ကို စောင့် တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ပညတ်တရား​အတိုင်း တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မ​ပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 6:16
16 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။


``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။


ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-


အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''


သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊-


သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-


ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


လူ​ငယ်​လူ​ရွယ်​သည်​အ​ဘယ်​သို့​အား​ဖြင့် ဖြောင့်​မတ်​စွာ​ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​စွာ ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​၏။


ကိုယ်​တော်​ရှင်​က``ငါ​သည်​သင်​၏​သား​တစ်​ဦး​ဦး​ကို ဘု​ရင်​အ​ရာ​၌​ခန့်​ထား​မည်။ သူ​သည်​သင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​၏​သား​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​ထိန်း​၍​ငါ​ပေး​သည့်​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​ပါ​မူ၊ သူ​၏​သား​တို့​သည်​လည်း​သင်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ကျိန်​ဆို က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယင်း​က​တိ​တော်​ကို​ပြန်​လည် ရုပ်​သိမ်း​တော်​မူ​မည်​မဟုတ်​ပါ။


ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဤ​ထက် မ​က​ပင်​ပြု​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ငါ့​ထံ​တွင်​တစ်​ဖန်​အ​ကူ​အ​ညီ တောင်း​ခံ​ခွင့်​ကို​ပေး​မည်။ သူ​တို့​အား​သိုး​အုပ် ကဲ့​သို့​အ​ရေ​အ​တွက်​တိုး​ပွား​လာ​စေ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ