Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 27:1 - Common Language Bible

1 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယော သံ မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ဆယ့် ခြောက် နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ ဇာ ဒုတ် သ မီး ယေ ရု ရှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယောသံ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာဒုတ်​၏​သမီး ယေရုရှာ​အမည်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 27:1
9 ပူးပေါင်းရင်းမြစ်များ  

သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။


သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။


ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။-


ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။


ယု​ဒ​နိုင်​ငံ​တွင်​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တွင်​ယော​ရှ​မင်း​၏​သား​ယေ​ရော​ဗောင်​မင်း​တို့ စိုး​စံ​သည့်​လက်​ထက်​၌ ဗေ​ရိ​၏​သား​ဟော​ရှေ ထံ​သို့​ရောက်​ရှိ​လာ​သော​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​ကပတ်​တော်​ကား​ဤ​သို့​တည်း။


ယု​ဒ​နိုင်​ငံ​တွင်​ယော​သံ​ဘု​ရင်၊ အာ​ခတ်​ဘု​ရင်၊ ဟေ​ဇ​ကိ​ဘု​ရင်​တို့​စိုး​စံ​သည့်​အ​ချိန်​ကာ​လ ၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရ​ရှ​မြို့​သား မိက္ခာ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​နှင့်​စပ်​လျဉ်း​၍ အောက် ပါ​အ​ကြောင်း​အ​ရာ​များ​ကို​ဖော်​ပြ​တော် မူ​၏။


ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ