Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 7:2 - Common Language Bible

2 ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဘု ရင် မင်း က ကြည့် လော့။ ငါ သည် သစ် က တိုး နန်း တော်၌ စံ နေ ရ၏။ ဘု ရား သ ခင့် သေ တ္တာ တော် မူ တင်း တိမ် ရံ အ တွင်း၌ စံ နေ ရ သေး သည် တ ကား ဟု ပ ရော ဖက် နာ သန် အား မိန့် ဆို လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ပ​ရော​ဖက်​နာ​သန်​ကို ခေါ်၍၊ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​မူ​ကား၊ ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ရှင်ဘုရင်​က ပရောဖက်​နာသန်​အား “​ကြည့်​ပါ​။ ငါ​သည် သစ်ကတိုးသား​ဖြင့်​ဆောက်လုပ်​ထား​သော​နန်းတော်​တွင် နေ​ရ​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​မူကား ရွက်ထည်​တဲ​ဖြင့်​သာ စံနေ​ရ​ပါ​သည်​တကား​”​ဟု မိန့်ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 7:2
24 ပူးပေါင်းရင်းမြစ်များ  

ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-


တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-


လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-


နာ​သန်​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​မိန့် ကြား​တော်​မူ​သ​မျှ​တို့​ကို ဒါ​ဝိဒ်​အား​ဆင့် ဆို​လေ​၏။


ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊-


သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။


နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊


ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-


တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။-


သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-


ဒါ​ဝိဒ်​က``ငါ့​သား၊ ငါ​သည်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ချီး​မြှောက် ရန်​အ​တွက် ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည် ဆောက်​လို​သည်။-


ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-


(သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)


မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-


ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-


အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်း ဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။ အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟု ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။


ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-


``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-''


ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။


ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ