၂ ကော 4:3 - Common Language Bible3 အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 အ ကယ်၍ ငါ တို့ ကြား ပြော ချက် ပုန်း ကွယ် လျှင် မ ယုံ ကြည်၍ ပျက် စီး ရာ ရောက် လျက် နေ သူ၊ အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးခြင်းသို့ရောက်သောသူတို့၌သာ ဖုံးအုပ်ခြင်းခံရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးတော့မည့်သူတို့အတွက်သာ ဖုံးအုပ်ခြင်းခံရ၏။ အခန်းကိုကြည့်ပါ။ |
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-