Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 3:7 - Common Language Bible

7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ညှဉ်း ပန်း ခြင်း၊ ကျဉ်း ကျပ် ခြင်း အ မျိုး မျိုး ရှိ လျက် ပင် သင် တို့ ယုံ ကြည် ခြင်း ကြောင့် နှစ် သိမ့် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် အ​ရာ​ရာ၌​ဆင်း​ရဲ၍ ခက်​ခဲ​စွာ​ခံ​ရ​သည်​တွင်၊ သင်​တို့၏ ယုံ​ကြည်​ခြင်း​အား​ဖြင့် သက်​သာ​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ခက်ခဲ​ကျပ်တည်း​ခြင်း​နှင့်​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံရ​စဉ်​တွင် သင်​တို့​၏​ယုံကြည်​ခြင်း​ကြောင့် သင်​တို့​နှင့်​ပတ်သက်၍ နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ ယုံကြည်ခြင်း​နှင့် ပတ်သက်သည့် သတင်း​သည် အကျပ်အတည်း​နှင့် ဆင်းရဲဒုက္ခ​အမျိုးမျိုး ကြုံနေသည့် ကျွန်ုပ်တို့​အတွက် စိတ်ခွန်အား​ဖြစ်စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 3:7
10 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။-


ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။-


ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-


သင်​၏​သား​သ​မီး​အ​ချို့​တို့​သည်​ခ​မည်း​တော် ဘု​ရား​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း သမ္မာ တ​ရား​တော်​၌​ကျင်​လည်​လျက်​နေ​ကြ​ကြောင်း တွေ့​ရ​သ​ဖြင့်​ငါ​အ​လွန်​ဝမ်း​မြောက်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ