Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 9:22 - Common Language Bible

22 အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 လက် ရွေး တံ ခါး စောင့် ရာ ထူး ကို ခံ ရ သူ နှစ် ရာ့ တစ် ဆယ့် နှစ် ယောက် တို့ သည် ဒါ ဝိဒ် မင်း နှင့် အ​မြော် အ မြင် ဆ ရာ ရှ မွေ လ တို့ ခန့် ထား သည် နှင့် အ ညီ နေ ရင်း ရွာ များ၌ ဘေး စဉ် ဘိုး ဆက် စာ ရင်း ပါ ဝင် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 တံခါးခုံ​၌ တံခါးစောင့်​အဖြစ် ရွေးချယ်​ခန့်ထား​ခြင်း​ခံရ​သော​သူ​အားလုံး​မှာ နှစ်ရာ​တစ်ဆယ့်​နှစ်​ယောက် ရှိ​၏​။ သူ​တို့​သည် ကိုယ့်​ရပ်ရွာ​တွင် စာရင်းဝင်​သူ​များ​ဖြစ်​ပြီး ဒါဝိဒ်​မင်းကြီး​နှင့် စိတ်အာရုံရသူ​ရှမွေလ​တို့​က သူ​တို့​ကို သစ္စာရှိသူ​များ​အဖြစ် တာဝန်ပေး​ခန့်အပ်​ထား​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 9:22
18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-


ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-


ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-


ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။-


ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​ထဲ​သို့​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​ဝင်​နိုင်​စေ​ရန်​တံ​ခါး​ဝ​တွင်​အ​စောင့် များ​ကို​ချ​ထား​လေ​သည်။-


ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-


ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-


ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။


ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။


ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ