Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 26:16 - Common Language Bible

16 ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ရှု ပိမ် နှင့် ဟော သ တို့ သည် တောင် တက် ရာ လမ်း ရှိ ရှ လ္လေ ခက် ခေါ် တံ ခါး အ နီး အ နောက် မျက် နှာ ကို လည်း ကောင်း မဲ ကျ သ ဖြင့် ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ရှု​ပိန်​နှင့်​ဟော​သ​သည် အ​နောက်​မျက်​နှာ​နှင့် ဗိ​မာန်​တော်​သို့ တက်​ရာ​လမ်း​ဝ၌ ရှ​လ္လေ​ခက်​တံ​ခါး​ကို​ရ၍ တစ်​ဖက်​တစ်​ချက်၌ စောင့်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ရှုပိမ်​နှင့်​ဟောသ​တို့​သည် အနောက်ဘက်​တောင်​ပေါ်​တက်သွား​သော​လမ်း​ပေါ်ရှိ ရှလ္လေခက်​တံခါး​၌ မဲကျ​ပြီး အစောင့်​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ဘေးချင်းယှဉ်​လျက် စောင့်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 26:16
8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။


သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-


အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-


အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-


ဘု​ရင်​မ​သည်​မင်း​ကြီး​ပွဲ​တော်​တည်​သော အ​စား​အ​စာ​များ၊ မှူး​မတ်​တို့​၏​နေ​အိမ် များ၊ နန်း​တော်​အ​မှု​ထမ်း​အ​ရာ​ထမ်း​များ အား​ဖွဲ့​စည်း​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ကြ​သည့် ဆင်​တူ​ဝတ်​စုံ​များ၊ ပွဲ​လမ်း​သ​ဘင်​အ​ခါ​တွင် မင်း​ကြီး​အား​ခ​စား​ရ​သူ​အ​စေ​ခံ​များ​နှင့် သူ​တို့​၏​ဝတ်စုံ​များ၊ ဗိ​မာန်​တော်​တွင်​မင်း ကြီး​ပူ​ဇော်​သည့်​ယဇ်​များ​ကို​တွေ့​မြင်​သော အ​ခါ​လွန်​စွာ​အံ့​သြ​လေ​သည်။


ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ