Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 26:17 - Common Language Bible

17 အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-18 အ​ရှေ့ မျက် နှာ ခြောက် ယောက်၊ မြောက် မျက် နှာ လေး ယောက်၊ တောင် မျက် နှာ လေး ယောက်၊ အ ဆောင် အ ရွက် တော် တိုက် လေး ယောက်၊ အ နောက် မျက် နှာ စ င်္ကြံ တန်း လျား အ နီး နှစ် ယောက်၊ တက် ရာ လမ်း လေး ယောက်၊ လေ ဝိ ဂိုဏ်း သား တို့ သည် နေ့ စဉ် စောင့် ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 နေ့​ရက်​အ​စဉ်​အ​တိုင်း အ​ရှေ့​မျက်​နှာ၌ လေ​ဝိ​သား​ခြောက်​ယောက်၊ မြောက်​မျက်​နှာ၌ လေး​ယောက်၊ တောင်​မျက်​နှာ၌ လေး​ယောက်၊ အ​သု​ပိမ်​ဘက်​မှာ နှစ်​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အရှေ့ဘက်​၌ လေဝိ​အမျိုးသား​ခြောက်​ယောက်​၊ မြောက်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​၊ တောင်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​နှင့် သိုလှောင်ရုံ​များ​၌ နှစ်ယောက်စီ စောင့်ကြပ်​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 26:17
6 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​ဒါဝိဒ်​ချ​မှတ်​ထား​ခဲ့​သည့်​စည်း မျဉ်း​များ​အ​တိုင်း​မင်း​ကြီး​သည် ယဇ်​ပု​ရော ဟိတ်​တို့​နေ့​စဉ်​လုပ်​ဆောင်​ရန်​တာ​ဝန်​များ​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​မှု​တော် ဆောင်​ရာ​တွင်​ပါ​ဝင်​ကူ​ညီ​ကာ ဋ္ဌမ္မ​သီ​ချင်း များ​အေး​ကူး​ကြ​ရ​သူ​လေ​ဝိ​အ​နွယ်​ဝင် တို့​၏​အ​လုပ်​တာ​ဝန်​များ​ကို​လည်း​ကောင်း စီ​စဉ်​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​အ​မိန့်​ရှိ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​ကို​လည်း​နေ့​စဉ် တာ​ဝန်​ဝတ္တ​ရား​များ​ထမ်း​ဆောင်​ရန်​အ​ဖွဲ့ များ​ဖွဲ့​စည်း​ပေး​တော်​မူ​၏။-


ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-


ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-


အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-


လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-


ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ