Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:22 - Common Language Bible

22 ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဒါ ဝိဒ် မင်း က၊ လူ မျိုး တွင် ကပ် ရော ဂါ ရပ် စဲ စေ ခြင်း ငှါ ဤ ကောက် နယ် တ လင်း ၌ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လို သော ကြောင့် မ ယုတ် သော တန် ဖိုး နှင့် ရောင်း ချ လော့ ဟု မိန့် ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဩရနန်​အား “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ငါ့​အား ရောင်း​ပေး​လော့​။ ကျသင့်​ငွေ​အတိုင်း ငါ​ဝယ်ယူ​ပါ​မည်​”​ဟု မိန့်ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:22
8 ပူးပေါင်းရင်းမြစ်များ  

မပ္ပေလ​ဂူ​ကို​ငါ့​အား​ရောင်း​ချ​ရန်​ကျေး​ဇူး​ပြု​၍​သူ့​ကို​တိုက်​တွန်း​ပေး​ကြ​ပါ။ သင်္ချိုင်း​မြေ​တစ်​ကွက်​ငါ​အ​ပိုင်​ရ​ရန်​ထို​မြေ​ကို​တန်​ရာ​တန်​ဖိုး​ဖြင့်​ငါ့​အား​သင်​တို့​ရှေ့​မှောက်​တွင်​ရောင်း​ချ​စေ​ပါ'' ဟု​ဆို​လေ​၏။


သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-


``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။


အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။


အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-


အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။


ထို​အ​ခါ​ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား သ​ဖြင့် သူ​သည်​သေ​သူ​နှင့်​ရှင်​သူ​တို့​၏ အ​လယ်​တွင်​ရပ်​လျက်​ရှိ​၏။-


ထို​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့​ရှိ​ရာ တဲ​ထဲ​သို့​လိုက်​သွား​ပြီး​လျှင် သူ​တို့​နှစ်​ယောက် စ​လုံး​အား​လှံ​ဖြင့်​ထိုး​သတ်​လေ​၏။ ဤ​နည်း အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သေ​ကြေ​ပျက်​စီး​စေ​သည့်​ကပ်​ရော​ဂါ ဖြစ်​ပွား​မှု​ကို​ရပ်​စေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ