Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 19:17 - Common Language Bible

17 ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို သ တင်း ကို ဒါ ဝိဒ် မင်း ကြား သော် ဣ သ ရေ လ တပ် အ ပေါင်း ကို စု ရုံး ပြီး လျှင် ယော် ဒန် မြစ် ကို ကူး လျက် စစ် ခင်း ကျင်း ရာ ရှု ရိ သူ ရဲ တို့ သည် တိုက် ခိုက် သော အ ခါ ဣ သ ရေ လ တပ် ရှေ့ ဆုတ် ပြေး ရ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​သ​တင်း​ကို​ကြား​လျှင် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ယော်​ဒန်​မြစ်​ကို ကူး​သ​ဖြင့်၊ ရန်​သူ​တပ်​သို့​ရောက်၍ စစ်​ခင်း​ကျင်း​လေ၏။ ထို​သို့​ဒါ​ဝိဒ်​သည် စစ်​ခင်း​ကျင်း၍ ရှု​ရိ​လူ​တို့​သည် တိုက်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဆီးရီးယား​လူမျိုး​တို့​ထံ ချီလာ​၍ သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​တွင် စစ်ခင်းကျင်း​၏​။ ဆီးရီးယား​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ဒါဝိဒ်​မင်းကြီး​စစ်ခင်းကျင်း​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 19:17
5 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​တပ်​များ​ကို​စု​ရုံး​စေ​၍ ယော်​ဒန် မြစ်​ကို​ကူး​ပြီး​လျှင်​ဟေ​လံ​မြို့​သို့​ချီ​တက် လေ​၏။ ထို​မြို့​တွင်​ရှု​ရိ​ပြည်​သား​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​မျက်​နှာ​မူ​လျက်​နေ​ရာ​ယူ ကြ​၏။ စစ်​ပွဲ​စ​တင်​သည်​နှင့်၊-


ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-


အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ