၁ ရာချုပ် 19:18 - Common Language Bible18 ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ဒါ ဝိဒ် မင်း သည် ရှု ရိ ရ ထား စီး သူ ရဲ ခု နစ် ထောင်၊ ခြေ သည် သူ ရဲ လေး သောင်း တို့ ကို လုပ် ကြံ သည့် ပြင် ဗိုလ် ချုပ် ရှော ပက် ကို လည်း ကွပ် မျက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း လုပ်ကြံလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူးအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်လေးသောင်းတို့ကို သုတ်သင်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း အသေသတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။