Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 12:21 - Common Language Bible

21 သူ​တို့​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ​ဖြစ် သ​ဖြင့် ဒါ​ဝိဒ်​၏​တပ်​သား​တို့​ကို​အုပ်​ချုပ်​သူ အ​ရာ​ရှိ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း​ရ​ကြ ၏။ နောင်​အ​ခါ​၌​သူ​တို့​သည်​ဣ​သ​ရေ​လ တပ်​မ​တော်​တွင်​အ​ရာ​ရှိ​များ​ဖြစ်​လာ​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 စစ် ခေါင်း မာ သော ရဲ ဗိုလ် ဖြစ် ကြ သ ဖြင့် အ နု ကြမ်း စီး သူ တို့ ကို ဒါ ဝိဒ် နှင့် အ တူ ကူ ညီ တိုက် ခိုက် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဗိုလ်​ကြီး​ဖြစ်၍၊ ဓား​ပြ​လုပ်​သော သူ​တို့​တစ်​ဖက်၌ ဒါ​ဝိဒ်​ကို​မ​စ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သူ​များ​ဖြစ်​သောကြောင့် ဓားပြ​တို့​ကို နှိမ်နင်း​ရာ​တွင် ဒါဝိဒ်​ကို ကူညီ​ကြ​၏​။ သူ​တို့​သည် နောင်တွင် စစ်ဗိုလ်​များ ဖြစ်လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 12:21
5 ပူးပေါင်းရင်းမြစ်များ  

အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။


ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-


သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ