၁ ရာချုပ် 12:20 - Common Language Bible20 ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။- အခန်းကိုကြည့်ပါ။Judson Bible20 မိမိအမျိုးသားတို့တွင် လူတစ်ထောင်ကို အုပ်သောဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။ အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။
ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-