Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 5:7 - Common Language Bible

7 တ​ဆေး​ဟောင်း​တည်း​ဟူ​သော​အ​ပြစ်​ဒု​စ​ရိုက် ကို​ပယ်​ရှား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​လုံး​ဝ​သန့်​စင်​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​တို့​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက်​သစ် ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ဤ​သို့​သင်​တို့​အ​ကယ်​ပင် ဖြစ်​ကြ​ကြောင်း​ကို​ဧ​ကန်​အ​မှန်​ငါ​သိ​၏။ ငါ တို့​၏​ပ​သ​ခါ​သိုး​တည်း​ဟူ​သော​ခ​ရစ်​တော် အား​ယဇ်​ပူ​ဇော်​ပြီး​ပြီ​ဖြစ်​သ​ဖြင့် ငါ​တို့​၏ ပ​သ​ခါ​ပွဲ​ကျင်း​ပ​ရန်​အ​သင့်​ရှိ​ပေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သင် တို့ သည် တ ဆေး ကင်း ပြီး ဖြစ် ကြ သည် နှင့် အ ညီ၊ အ သစ် ပေါင်း ဖြစ် ရန် တ ဆေး ဟောင်း ကို ပယ် ရှင်း ကြ လော့။ ခ ရစ် တော် တည်း ဟူ သော ငါ တို့၏ ပ သ ခါ သိုး သား ငယ် ကို ပူ ဇော် ပြီး ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့​သည် တဆေး​မပါသော​မုန့်ညက်​ဖြစ်ကြသည်​နှင့်အညီ တဆေးဟောင်း​ကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့​သည် တဆေး​မပါသော မုန့်ညက်သစ်​ကဲ့သို့ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ပသခါ​သိုးသငယ်​ဟူသော ခရစ်တော်​ကို ကျွန်ုပ်တို့​အတွက် ပူဇော်ပြီး​ဖြစ်​သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 5:7
19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-


ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။


ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။


နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။-


သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။


ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။


ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။


မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။


သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-


သူ​တို့​က၊ ``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည် တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ