၁ ကော 5:5 - Common Language Bible5 တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထို့နောက် ထိုသူ၏ ဗီဇစိတ်ကို ဖျက်ဆီးရန် သင်တို့သည် ထိုသူအား နှင်ထုတ်၍ စာတန်လက်သို့ အပ်ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် သူ၏ဝိညာဉ်သည် ကယ်တင်ခံရနိုင်မည်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-