Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 4:15 - Common Language Bible

15 ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဘေး တော် ဘိုး တော် တို့ နေ့ စဉ် မှတ် နန်း စဉ် စာ ရင်း ကို ကြည့် ရှု တော် မူ ပါ က၊ ထို မြို့ သည် ရှေး ကာ လ မှ စ၍၊ သောင်း ကျန်း တော် လှန် လျက်၊ တိုင်း ကျိုး၊ ပြည် ကျိုး၊ မင်း ဧ က ရာဇ် အ ကျိုး များ ကို ဆုတ် ယုတ် စေ သ ဖြင့်၊ အ ဖျက် အ ဆီး ခံ ရ သော မြို့ ဖြစ် သည် ဟု သိ မှတ် တော် မူ စေ ရန်၊ ထောက် ခံ ဆက် သွင်း ပါ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အရှင်မင်းကြီး​၊ ဘိုးဘေး​တော်​တို့​ထားခဲ့​သော​မှတ်တမ်းလွှာ​များ​ကို ရှာဖွေစိစစ်​ကြည့်​ပါ​။ ဤ​မြို့​သည် ပုန်ကန်​တတ်​သော​မြို့​၊ ဘုရင်​များ​နှင့် တိုင်းပြည်​၏​အကျိုး​ကို ဆုတ်ယုတ်​စေ​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့​ဖြစ်​သောကြောင့် ဖျက်ဆီး​ခံ​ခဲ့​ရ​ကြောင်း​ကို မှတ်တမ်းလွှာ​များ​တွင် တွေ့ရှိ​ရ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 4:15
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။


ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-


``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-


``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏​ကျေး​ဇူး​တော်​နှင့်​မ​ကင်း​သူ​များ​ဖြစ်​သည့်​အ​လျောက် ယင်း​သို့​အ​ခွန်​တော်​ယုတ်​လျော့​မှု​ကို​မ​တွေ့​မ​မြင်​လို​ကြ​ပါ။-


သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။


ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။


ထို​စာ​တွင် ``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-


ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ