Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဇ​ရ 4:16 - Common Language Bible

16 သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို မြို့ နှင့် မြို့ ရိုး ပါ ပြု ပြင် ပြီး စီး ခဲ့ လျှင်၊ ဘု ရင် မင်း မြတ် အာ ဏာ တော် သည်၊ မြစ် ကြီး အ နောက် ဘက် ၌ တည် တော့ မည် မ ဟုတ် ကြောင်း ကို၊ ထောက် ခံ တင် သွင်း ပါ သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​မြို့​ကို​တည်​ပြန်၍ မြို့​ရိုး​ကို လက်​စ​သတ်​လျှင်၊ ကိုယ်​တော်​သည် မြစ်​အ​နောက်​ဘက်၌ အ​စိုး​ရ​တော်​မ​မူ​ကြောင်း​ကို ကျွန်​တော်​တို့ လျှောက်​ထား​ပါ​သည်​ဟု စာ၌​ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကယ်၍ ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​ကို​လက်စသတ်​ပြီးလျှင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​သည် အရှင့်​ပိုင်မြေ​ဖြစ်​တော့​မည်​မ​ဟုတ်​ကြောင်း​ကို အရှင်မင်းကြီး​အား အကျွန်ုပ်​တို့​လျှောက်ထား​အပ်​ပါ​သည်​”​ဟု ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 4:16
5 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-


ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-


ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-


ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-


မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊ ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​တ​ကွ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော​ရှ​မာ​ရိ​မြို့​သား​များ​နှင့် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ