ဟေရှာယ 60:19 - Common Language Bible19 ``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible19 နေ့ အ ချိန်၌ သူ ရိ ယ သည် သင့် အ လင်း၊ စ န္ဒ လည်း ထွန်း တောက် သော အ လင်း ဖြစ် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း၊ သင့် ဘု ရား သ ခင် သည် သင် ဘုန်း အ သ ရေ ဖြစ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible19 နောက်တစ်ဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသောအလင်း မဟုတ်၊ ညအချိန်၌လည်း၊ လအရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရားသခင်သည် သင်၏ဘုန်းအသရေ ဖြစ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 နေ့အချိန် သင်ရသောအလင်းသည် နေ၏အလင်းမဟုတ်တော့ပေ။ တောက်ပသောလသည်လည်း သင့်အပေါ်ထွန်းလင်းတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူမည်။ သင်၏ဘုရားသခင်သည် သင်၏ဂုဏ်ကျက်သရေဖြစ်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
``ဤသို့လျှင်ထာဝရဘုရားကိုယ်တော်တိုင် ပင် သင်တို့အားတိုက်ခိုက်တော်မူလိမ့်မည်။ အခါ တစ်ပါးကသင်တို့၏အစေအပါးကိုခံခဲ့ ရကြသူတို့သည် သင်တို့ကိုလုယက်တိုက်ခိုက် ကြလတ္တံ့'' ဟူသောဗျာဒိတ်တော်နှင့်အတူငါ့ အားစေလွှတ်တော်မူသတည်း။ ဤအမှုအရာများဖြစ်ပျက်လာသောအခါ ငါ့အား အနန္တတန်ခိုးရှင်ထာဝရဘုရားစေ လွှတ်တော်မူလိုက်ကြောင်းကိုလူအပေါင်းတို့ သိရှိကြလိမ့်မည်။