ဟေရှာယ 59:21 - Common Language Bible21 သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-