Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 38:17 - Common Language Bible

17 ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ချမ်း သာ ရ စေ ရန် အ ကျွန်ုပ် သည် ကြီး စွာ နစ် နာ ခံ ရ လေ ပြီ။ မေ တ္တာ တော် ကြောင့် အ ကျွန်ုပ် ဝိ ညာဉ် ကို သေ တွင်း မှ ကယ် ဆယ် တော် မူ၍ အ ပြစ် ရှိ သ မျှ ကို လည်း နောက် တော် သို့ ပစ် လိုက် တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 38:17
20 ပူးပေါင်းရင်းမြစ်များ  

ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။


ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊


သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။


အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။


ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။


ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍ မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။


ကျွန်​တော်​မျိုး​အား​သေ​ရွာ​မှ​ပြန်​၍ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​သင်္ချိုင်း​တွင်း​သို့​ဆင်း​လျက် ရှိ​ခဲ့​သော်​လည်း ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပါ​၏။


ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။


သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။


ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကို ဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။


ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။


ဤ​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သည်​ဖြစ်​၍ ငါ​အ​ဘယ်​သို့​ပြော​ဆို​နိုင်​ပါ​မည်​နည်း။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​လျက် အိပ်​၍​မ​ပျော်​နိုင်​ပါ။


သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။


ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။


အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ