ဟေရှာယ 38:16 - Common Language Bible16 အို ထာဝရဘုရားကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အတွက်၊ ကိုယ်တော်ရှင်တစ်ပါးတည်းအတွက် အသက်ရှင်ပါမည်။ ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူ၍၊ ကျွန်တော်မျိုးအားအသက်ရှင်ခွင့်ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible16 အို အ ရှင် ဘု ရား၊ ထို သို့ ပြု စု ခြင်း ဖြင့်၊ အ သက် ရှင် ခွင့် ရ ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် လည်း အ သက် ရှင် ခွင့် ရ ပါ၏။ အ ကျွန်ုပ် ကို သန် မာ စေ၍ အ သက် ရှင် စေ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက်တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကိုရှင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် လူတို့အသက်ရှင်ကြပါ၏။ အကျွန်ုပ်၏အသက်ဝိညာဉ်သည်လည်း ထိုအရာအားလုံးထဲ၌ တည်ပါ၏။ အကျွန်ုပ်ကိုပြန်လည်ကျန်းမာစေ၍ အသက်ရှင်စေတော်မူပါပြီ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-